မြိုင်မြို့နယ်တွင် ဗကသရဲဘော်များနှင့် မဟာမိတ်အဖွဲ့အစည်းများ ပူးပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်
၂၀၂၂ စက်တင်ဘာ ၁၆၊ ဗကသ
ဗကသရဲဘော်များနှင့် မြိုင်မြို့နယ်အခြေခံပညာသပိတ်ကော်မတီ (BEGSC - Myaing) တို့မှ ဒေသခံလူထုပူးပေါင်း၍ "အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့"၊ "Accept NUG & Our Ambassador, Reject Dictator"၊ "နိုင်တဲ့သူသာ တရားကြေးဆိုပြီး ကျည်ဆန်တွေနဲ့ သမိုင်းရေးချင်သလား တရားတဲ့သူသာ နိုင်ကြေးဟေ့" စာသားများပါသော ဘန်နာများအား ကိုင်စွဲကာ စက်တင်ဘာလ ၁၆ ရက်နေ့၌ မြိုင်မြို့နယ်တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။
ဓာတ်ပုံ - AAMIJ
သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU #WhatsHappeningInMyanmar