အရာတော်ဒေသတွင် ဗကသများအဖွဲ့ချုပ် က ၈လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ ၃၄ နှစ်ပြည့်အထိမ်းအမှတ် လှုပ်ရှားမှုပြုလုပ်


၂၀၂၂ သြဂုတ် ၉၊ ဗကသ


၈လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ ၃၄ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သြဂုတ်လ ၈ ရက်နေ့၌ ဖက်ဆစ်တပ်က အင်တာနက်လိုင်းများ ဖုန်းလိုင်းများ ဖြတ်တောက်ကာ စစ်ကြောင်းများထိုးနေသည့် အရာတော်မြို့နယ်တွင် အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အထက (ခွဲ) ကဲဘာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ ပူးပေါင်း၍ "မပြီးဆုံးသေးတဲ့ ၈လေးလုံး လူထုလွတ်မြောက်ရေး ဒို့အတူရုန်း" စာသားပါဘန်နာအား ကိုင်စွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။





#မပြီးဆုံးသေးတဲ့၈လေးလုံး_လူထုလွတ်မြောက်ရေးဒို့အတူရုန်း


သတင်းနှင့်ပြန်ကြားရေးဗျူရို

ဗကသများအဖွဲ့ချုပ်

#ABFSU #WhatHappeingInMyanmar


မှတ်ချက်။ ။ အရာတော်မြို့နယ်တွင် ဖက်ဆစ်တပ်က အင်တာနက်လိုင်းများ ဖုန်းလိုင်းများ ဖြတ်တောက်ကာ စစ်ကြောင်းများထိုးနေသဖြင့် သတင်းထုတ်ပြန်မှုနောက်ကျခြင်းဖြစ်သည်။

Popular Posts

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

ABFSU Fundraising ဆိုတာဘာလဲ?

အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုညီမင်းသူ ကျဆုံးခြင်း ၁ လပြည့်ခဲ့ပြီ