ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်က ပြုလုပ်သော ဆဲဗင်းဂျူလိုင် နှစ်(၆၀)ပြည့်အထိမ်းအမှတ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုအား ဖက်ဆစ်တပ်က ဗုံးနှင့်ပစ်၍ ကားနဲ့တိုက်ဖမ်းဆီး


၂၀၂၂ ဇူလိုင် ၇၊ ဗကသ

ရန်ကုန်မြို့ လှိုင်မြို့နယ် သုခမှတ်တိုင်အနီးတွင် ဗကသများအဖွဲ့ချုပ်က ဆဲဗင်းဂျူလိုင် နှစ်(၆၀)ပြည့်အထိမ်းအမှတ်အဖြစ် “7July စိတ်ဓာတ် လက်စွဲသုံး၊ ကမ္ဘာသစ်အတွက် ဒို့အတူရုန်း၊ 7762 မမေ့ကြနဲ့” စာသားပါဘန်နာဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ပါသည်။

ယင်းလှုပ်ရှားမှု ပြုလုပ်နေစဉ်တွင် ဖက်ဆစ်တပ်က ဗုံးနှင့်ပစ်၍ အိမ်စီးကား Toyota Belta အဖြူ ကားနံပါတ် YGN/7J-5050 နဲ့ ဝင်တိုက်ကာဖြိုခွဲခဲ့သည်။ ကားနဲ့တိုက်ဖြိုခွဲမှုကြောင့် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရသည့် ရဲဘော်များရှိပြီး ဖမ်းဆီးခံရသည့်စာရင်းအား စိစစ်နေဆဲဖြစ်သည်။


သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu #whathappeninginmyanmar 
ဓာတ်ပုံ - AAMIJ

Popular Posts

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ