နှစ် ၆၀ ပြည့် 7 July လှုပ်ရှားမှုများကို "7July စိတ်ဓာတ်ကိုင်စွဲ တိုက်ပွဲ အလီလီဆင်နွှဲ" ခေါင်းစဥ်ဖြင့် ထောင်တွင်း ထောင်ပြင် တပြိုင်နက်ပြုလုပ်


၇ရက် ဇူလိုင် ၂၀၂၂

နှစ် ၆၀ ပြည့် 7 July လှုပ်ရှားမှုများကို "7July စိတ်ဓာတ်ကိုင်စွဲ တိုက်ပွဲ အလီလီဆင်နွှဲ" ခေါင်းစဥ်ဖြင့် ထောင်တွင်း ထောင်ပြင် တပြိုင်နက်ပြုလုပ်ခဲ့ကြပါတယ်။ ယနေ့ နေ့လည် ၁၂နာရီကနေ နေ့လည် ၁နာရီအထိ အင်းစိန်ဗဟို အကျဥ်းထောင်ရှိ နိုင်ငံရေးအချုပ်နှောင်ခံများက ပုံပါအစီအစဥ်အတိုင်း ဖိနှိပ်မှုများကြားမှ ပြုလုပ်ခဲ့ကြပါတယ်။ ထောင်ပြင်လှုပ်ရှားမှုအနေနဲ့ July ၅ရက်ကနေ ယနေ့ July ၇ ရက်နေ့အထိ ဆက်တိုက်ဆိုသလို ဗကသများအဖွဲ့ချုပ်က ဦးဆောင်ပြီး မဟာမိတ်အဖွဲ့အစည်းများနှင့်အတူ မြေပြင်ပြောက်ကျားသပိတ်တိုက်ပွဲများ၊ အခမ်းအနားများနှင့် ဘန်နာ/ပိုစတာချိတ်သည့် လှုပ်ရှားမှုများကို ဖိနှိပ်ဖမ်းဆီးမှုများ အခက်အခဲများကြားမှ ပြုလုပ်ခဲ့ကြပါတယ်။

7July ဆိုသည်မှာ ၁၉၆၂ ဗိုလ်နေဝင်းအာဏာသိမ်းပြီး ကျောင်းသားများကစတင်ကန့်ကွက်သပိတ်မှောက်ခဲ့ကြပြီး စစ်အာဏာရှင်မျက်နှာဖုံးကို ခွာချပြခဲ့သည့်နေ့ဖြစ်သည်။ ထို့နေ့တွင် ရန်ကုန်တက္ကသိုလ်ရှိ သမဂ္ဂအဆောက်အဦကို စစ်အာဏာရှင်က ဒိုင်းနမိုက်ဖြင့် ဖြိုဖျက်ခဲ့သည်။ ဗမာပြည်ကျောင်းသားလှုပ်ရှားမှုသမိုင်းတွင် အရေးပါသောနေ့တနေ့ဖြစ်ပြီး စစ်အာဏာရှင်များကလည်း ထိုနေ့နှင့်ပက်သက်သည့် မည်သည့်လှုပ်ရှားမှုမျိုးကိုမဆို အလေးထားဖြိုခွင်းခြင်း၊ ဖမ်းဆီးခြင်း၊ ပိတ်ပင်ခြင်းများကို အစဥ်တစိုက်ပြုလုပ်လေ့ရှိသည်။

#7July2022 #GSC #ABFSU
#7Julyစိတ်ဓာတ်ကိုင်စွဲတိုက်ပွဲအလီလီဆင်နွှဲ

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ