ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၆ နှစ်မြောက်အထိမ်းအမှတ်အဖြစ် တောင်ငူတွင် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်


၂၀၂၂ ဇွန် ၂၇၊ ဗကသ

ချင်းလူမျိုး ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၆ နှစ်မြောက်အထိမ်းအမှတ်အဖြစ် “မင်းတို့စစ်ဖိနပ်အောက် ဘယ်တော့မှဒူးမထောက်ဘူး” စာသားပါဘန်နာအား ချိတ်ဆွဲကာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ်ကို ဇွန်လ ၂၆ ရက်နေ့၌ တောင်ငူမြို့တွင် ပြုလုပ်ခဲ့ပါသည်။ ထိုလှုပ်ရှားမှုကို တောင်ငူခရိုင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အထက ၁ တောင်ငူကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ ပူးပေါင်း၍ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။


ဆလိုင်းတင်မောင်ဦးသည် ၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် စစ်အာဏာရှင်များ၏ မတရားကြိုးပေးကွပ်မျက်ခြင်းခံခဲ့ရသူဖြစ်ပြီး ယခုနှစ် ဇွန်လ ၂၆ တွင် ကြိုးပေးကွပ်မျက်ခံခဲ့ရခြင်း ၄၆ နှစ်ပြည့်မြောက်ပြီဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu

Popular Posts

ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံဆော်လှုပ်ရှားမှု ပြုလုပ်

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ

ဗကသများအဖွဲ့ချုပ်နဲ့ မဟာမိတ်တွေ ပူးပေါင်းပြီး အရာတော်မြို့နယ်မှာ ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီ အရေးအတော်ပုံ နှစ်ပတ်လည်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်