ဒေါပုံဗကသနှင့် မဟာမိတ်အဖွဲ့အစည်းများမှ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးဘန်နာ ချိတ်ဆွဲ

၂၀၂၂ ဇွန် ၁၃၊ ဗကသ

ဒေါပုံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် သာကေတသပိတ်ကော်မတီ၊ GHF အဖွဲ့ဝင်များ ပူးပေါင်း၍ ရန်ကုန်မြို့၏ လူစည်ကားရာ တံတားတခုပေါ်၌ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးဘန်နာတခုအား ချိတ်ဆွဲခဲ့ပါသည်။ ထိုဘန်နာစာသားသည် ရဲဘော်တဦး၏ လက်သုံးစကားတခုဖြစ်ပြီး ဖက်ဆစ်တပ်က ထိုရဲဘော်အား ဖမ်းဆီးခဲ့သော ၂ လပြည့်သည့် ယနေ့ ဇွန်လ ၁၃ ရက်နေ့တွင် ချိတ်ဆွဲခဲ့ခြင်းဖြစ်ပါသည်။ 


သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu

Popular Posts

NUCC က လတ်တလောထုတ်ပြန်ထားတဲ့ CDM Policy နဲ့ပတ်သက်ပြီး ဗကသများအဖွဲ့ချုပ်ရဲ့ အမြင်နဲ့ သဘောထားများ

သတင်းထုတ်ပြန်ခြင်း

Statement on Ko Kaung Sat Paing (A.B.F.S.U)’s death penalty