ယင်းမာပင်တွင် ဗကသများအဖွဲ့ချုပ်မှ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုံ့ဆော်ဘန်နာ ချိတ်ဆွဲ


၂၀၂၂ ဇွန် ၁၄၊ ဗကသ

ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ဆားလင်းကြီးမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ) တို့မှ ကျူဘားတော်လှန်ရေး ခေါင်းဆောင် ချေဂွေဗားရား မွေးနေ့အထိမ်းအမှတ်အဖြစ် ၎င်း၏မိန့်ခွန်းဖြစ်သော “စာသင်ခန်းတွေဟာ အကျဥ်းထောင်တွေပဲ” ဟူသော စာသားပါဘန်နာအား ယင်းမာပင်မြို့အတွင်းရှိ စာသင်ကျောင်းတကျောင်းတွင် ယနေ့ ဇွန်လ ၁၄ ရက်နေ့၌ ချိတ်ဆွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ကြသည်။


သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu

Popular Posts

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

ဖက်ဆစ်‌တော်လှန်ရေးနေ့