ဗကသရဲဘော် ကိုဇင်ကိုထွန်း ကျဆုံးခြင်း တနှစ်ပြည့်တွင် ဗကသများအဖွဲ့ချုပ် မှ ရန်ကုန်တွင် လှုပ်ရှားမှု ပြုလုပ်


၂၀၂၂ မေ ၁၃၊ ဗကသ

မြင်းခြံဗကသရဲဘော် ကိုဇင်ကိုထွန်း ကျဆုံးခြင်း တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် မေလ ၁၃ ရက်နေ့တွင် ဗကသများအဖွဲ့ချုပ်၀င် ကျောင်းသားသမဂ္ဂများဖြစ်သော ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ လှိုင်သာယာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ မရမ်းကုန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (‌ဗကသများအဖွဲ့ချုပ်)၊ တာမွေမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ မြောက်ဒဂုံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အင်းစိန်မြို့နယ်ကျောင်းသားများသမဂ္ဂ (‌ဗကသများအဖွဲ့ချုပ်) နှင့် ရန်ကုန်အဝေးသင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)၊ တိုးတက်သောမွတ်စ်စလင်မ်လူငယ်များအစည်းအရုံး (PMYA) နှင့် အဖိနှိပ်ခံလူထုကိုယ်စားပြု မြောက်ဒဂုံသပိတ်ကော်မတီ (NDOPSC) တို့ ပူးပေါင်း၍ “ရဲဘော်ဇင်ကိုထွန်း စိတ်ဓာတ် စွဲကိုင်ကြ၊ စစ်သုံးစစ်ကို အမြစ်ပြတ် တိုက်ဖျက်ကြ” စာသားပါဘန်နာအား ကိုင်စွဲကာ ရန်ကုန်မြို၌ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။






သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu

ဓာတ်ပုံ - လူငယ့်ခေတ်

Popular Posts

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

ABFSU Fundraising ဆိုတာဘာလဲ?

အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုညီမင်းသူ ကျဆုံးခြင်း ၁ လပြည့်ခဲ့ပြီ