မုံရွာအရှေ့ပိုင်းခရိုင် မလဲသာဒေသတွင် ဗကသများအဖွဲ့ချုပ်မှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုပြုလုပ်


ဧပြီလ ၅၊ ဗကသ

စစ်ကိုင်းတိုင်း မုံရွာအရှေ့ပိုင်းခရိုင် မလဲသာဒေသ၌ မတ်လ ၂၇ ရက်‌နေ့တွင် အထကမလဲသာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ဦးဆောင်၍ ကျေးရွာလူထုပါဝင်သော ကျောင်းသား-လူထု သပိတ်စစ်ကြောင်းသည် ❝‌ဖက်ဆစ်ဝါဒ တိုက်ဖျက်ကြ ပြည်သူ့ဒီမိုကရေစီတည်ဆောက်ကြ❞ စာသားပါဘန်နာအား ကိုင်​ဆောင်ပြီး ဗကသခွပ်ဒေါင်းအောင်လံတော်အား လွှင့်ထူကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေး လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။


မလဲသာဒေသတွင် ဖက်ဆစ်တပ်က အင်တာနက်ဖြတ်တောက်ကာ ‌ပြည်သူလူထုအား ညှဉ်းပမ်းနှိပ်စက် သတ်ဖြတ်နေသောကြောင့် သတင်းထုတ်ပြန်မှု နောက်ကျခြင်းဖြစ်ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU