အရာတော်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုပြုလုပ်


ဧပြီလ ၄၊ ဗကသ

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်၌ ဧပြီလ ၄ ရက်‌နေ့တွင် အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ကျေးရွာလူထုပါဝင်သော ကျောင်းသား-လူထု သပိတ်စစ်ကြောင်းသည် ❝‌လွတ်လပ်ခွင့်‌တွေ မီးရှို့ခံရသမျှ တော်လှန်စိတ်တွေ တဟုန်းဟုန်းတောက်စေမယ်❞ စာသားပါဘန်နာအား ကိုင်​ဆောင်ပြီး ဗကသခွပ်ဒေါင်းအောင်လံတော်အား လွှင့်ထူကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေး လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။



လူထုသပိတ်စစ်ကြောင်း လုံခြုံရေးအတွက် လာရောက်ဝန်းရံပြီး လုံခြုံရေးယူပေးကြသော ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား အထူးကျေးဇူးတင်ရှိပါသည်။



သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU

Popular Posts

Statement Condemning the Mandatory Conscription Law

“စစ်သုံးစစ်ကို တိုက်ဖျက်ဖို့ တပ်ပေါင်းစုကို တည်ဆောက်စို့”

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်