ရန်ကုန် မြောက်ဥက္ကလာပတွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုပြုလုပ်


မတ်လ ၃၊ ဗကသ

မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (‌ဗကသများအဖွဲ့ချုပ်) နှင့် တောင်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့မှ နွေဦးတော်လှန်ရေးအတွင်း မြောက်ဥက္ကလာပမြို့နယ် သွေးစွန်းခြင်း (၁)နှစ်ပြည့်တွင် "ကျဆုံးလေသောရဲဘော်များအား သက်သေတည်၊ တောင်းယူလို့မရ တိုက်ယူကြ၊ ကတုတ်ကျင်းများအလွန် ကမ္ဘာသစ်ဆီ" စာသားပါဘန်နာ‌အားကိုင်ဆွဲ၍ ပြည်သူလူထုအား ပြည်သူ့ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေးတို့အတွက် အဆုံးထိတိုက်ပွဲ၀င်ကြရန် ကြွေးကြော်ကာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။


"ပြည်သူ့ဒီမိုကရေစီအတွက် စစ်အာဏာရှင်စနစ်အမြစ်ဖြတ်"
"ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိရမယ်"

#သတင်းနှင့်ပြန်ကြားရေးဗျူရို
#ဗကသများအဖွဲ့ချုပ်
#Abfsu

Popular Posts

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

ABFSU Fundraising ဆိုတာဘာလဲ?

အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုညီမင်းသူ ကျဆုံးခြင်း ၁ လပြည့်ခဲ့ပြီ