အလုပ်သမားသပိတ်ကို ထောက်ခံဝန်းရံကြရန် တာမွေမြို့နယ်၌ ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂများမှ လှုပ်ရှားမှုပြုလုပ်

မတ်လ ၂၁၊ ဗကသ

“အလုပ်သမားသပိတ်ကို ဝန်းရံကြ၊ အဖိနှိပ်ခံ အလုပ်သမားအခွင့်အရေး အပြည့်အဝတိုက်ယူကြ” စာသားပါဘန်နာဖြင့် ကျောက်တံတားမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက ​ကျောက်တံတား​ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက ၁ လသာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ဒေါပုံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက ၁ သာကေတကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချူပ်)၊ ဗဟန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ကောင်းထက်ကျော်ကိုယ်ပိုင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့မှ ရန်ကုန် တာမွေမြို့နယ်၌ မတ်လ ၂၁ ရက်နေ့တွင် ပြောက်ကြားသပိတ်ပြုလုပ်ခဲ့ပါသည်။

#သတင်းနှင့်ပြန်ကြားရေးဗျူရို
#ဗကသများအဖွဲ့ချုပ်
#ABFSU

Popular Posts

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

ABFSU Fundraising ဆိုတာဘာလဲ?

အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုညီမင်းသူ ကျဆုံးခြင်း ၁ လပြည့်ခဲ့ပြီ