ရန်ကုန် လှိုင်သာယာမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး ဘန်နာချိတ်ဆွဲ


မတ်လ ၁၄၊ ဗကသ

လှိုင်သာယာမြို့နယ်တွင် ၁၄၊ ၃၊ ၂၀၂၁ ရက်နေ့၌ အပြစ်မဲ့ပြည်သူများ ရာနှင့်ချီကာ ဖက်ဆစ်တပ်၏ အကြမ်းဖက်သတ်ဖြတ်ခံရခြင်း တနှစ်ပြည့်အဖြစ် လှိုင်သာယာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ဂုဏ်ထူးဦးမောင်မောင်ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့မှ "လမ်းမထက်ကျတဲ့သွေးတွေ မခြောက်သေးဘူး Never forget 14.3.2021" စာသားပါဘန်နာအား မတ်လ ၁၄ ရက်နေ့၌ လှိုင်သာယာမြို့နယ်တွင် ချိတ်ဆွဲကာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတခု ပြုလုပ်ခဲ့ပါသည်။


#သတင်းနှင့်ပြန်ကြားရေးဗျူရို
#ဗကသများအဖွဲ့ချုပ်
#abfsu

Popular Posts

Statement Condemning the Mandatory Conscription Law

“စစ်သုံးစစ်ကို တိုက်ဖျက်ဖို့ တပ်ပေါင်းစုကို တည်ဆောက်စို့”

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်