အရာတော်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး လှုပ်ရှားမှုပြုလုပ်


ဖေဖော်ဝါရီ ၁၃၊ ဗကသ

အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ကျေးရွာပြည်သူလူထုများ ပါဝင်သော ကျောင်းသားထု/လူထုသပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၁၃ ရက်နေ့၌ ❝‌လူမျိုးကြီးဝါဒ ဆန့်ကျင်ကြ၊ ပင်လုံကတိကဝတ် ဖော်ဆောင်ကြ❞၊ ❝သွေးမအေးတဲ့ အညာမြေ❞ စသည့် စာသားပါဘန်နာများအား ကိုင်​ဆောင်ပြီး စစ်အာဏာရှင်အမြစ်ပြတ်တိုက်ဖျက်ရေးအတွက် အရာတော်မြို့နယ်တွင် အင်အားများစွာဖြင့် လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ ယခု တော်လှန်ရေးတွင် အတုအယောင်ပြည်ထောင်စုဝါဒကို တွန်းလှန်ပြီး ပင်လုံကတိကဝတ်ထက် ပိုမိုသော ဖက်ဒရယ်ပြည်ထောင်စုအစစ်အမှန်ကို စုပေါင်းတည်ဆောက်ယူကြရမည်ဖြစ်ကြောင်း သပိတ်ခေါင်းဆောင်များက ဆွေးနွေးတင်ပြခဲ့ကြသည်။



#သတင်းနှင့်ပြန်ကြားရေးဗျူရို
#ဗကသများအဖွဲ့ချုပ်
#ABFSU

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ