တောင်ဥက္ကလာပမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး စတစ်ကာကမ်ပိန်းပြုလုပ်


ဖေဖော်ဝါရီ ၃၊ ဗကသ

တောင်ဥက္ကလာပမြို့နယ်‌ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အထက(၁)တောင်ဥက္ကလာပကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက(၂)တောင်ဥက္ကလာပကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက(၄)တောင်ဥက္ကလာပကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့မှ "ပြည်သူ့ဒီမိုကရေစီအတွက် စစ်အာဏာရှင်စနစ်အမြစ်ဖြတ်" ခေါင်းစဉ်ဖြင့် စတစ်ကာကမ်ပိန်းပြုလုပ်ပြီး ပြည်သူလူထုအား စစ်ဏာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းကြရန်၊ ပြည်သူ့ဒီမိုကရေစီအတွက် ကိုယ်စီတိုက်ပွဲ၀င်ကြရန် လှုံ့ဆော်မှုများ ပြုလုပ်ခဲ့ပါသည်။ ။


#သတင်းနှင့်ပြန်ကြားရေးဗျူရို
#ဗကသများအဖွဲ့ချုပ်
#ABFSU

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ