အဖိနှိပ်ခံတွေ တသားတည်းညီရင် မီးဟုန်းဟုန်းတောက်စေရမယ်

-----------------------------
GSC | GSCN | AJMM 

လူထုလွတ်မြောက်ရေးအောင်ပွဲရသည်အထိ အဖိနှိပ်ခံလူထုလူတန်းစားပေါင်းစုံ၊ လူမျိုးပေါင်းစုံ သွေးစည်းညီညွတ်လျက် ဆက်လက်တိုက်ပွဲဝင်ကြ

မိမိတို့အဖိနှိပ်ခံများရဲ့ သမိုင်းကြောင်းတလျှောက်လုံးမှာ ကိုယ့်ကြမ္မာကိုယ်ပြဌာန်းခွင့်၊ လွတ်လပ်ခွင့် နဲ့ လူ့ရပိုင်ခွင့်များကို အာဏာရှင်စနစ်အသီးသီးက အဓမ္မဖိနှိပ်ထားခဲ့ပါတယ်။ ဒီလို အဓမ္မအာဏာရှင်စနစ်များကို တိုက်ထုတ်နိုင်ဖို့ မိမိတို့ အဖိနှိပ်ခံတွေကိုယ်တိုင် ကြိုးစားရမှာဖြစ်တယ်။ 

ဖိနှိပ်ခံလူထုလူတန်းစားပေါင်းစုံ၊ လူမျိုးပေါင်းစုံ ညီညွတ်စွာနဲ့ ရှေ့ဆက်လျှောက်လှမ်းမှုဟာ အောင်ပွဲဆီသို့ ဦးတည်နေပါတယ်။ မိမိတို့ရဲ့ သွေးစည်းမှုဟာ ရန်သူအပေါင်းကို ကြောက်ဒူးတုန်စေတယ်။ အဖိနှိပ်ခံများရဲ့ တသားတည်းညီတဲ့ ရဲရင့်သောတိုက်ပွဲဟာသာလျှင် အဖိနှိပ်ခံတွေရဲ့ လွတ်မြောက်ရေးလမ်း ဖြစ်တယ်။ 
အောင်ပွဲအတွက် ကိုယ်တိုင်တိုက်ပွဲဝင်ကြ
အဖိနှိပ်ခံတွေ တသားတည်းညီရင်
မီးဟုန်းဟုန်းတောက်စေရမယ်။

[နီတဲ့သွေးရက်သတ္တပတ်၏ လှုပ်ရှားမှုတခုအဖြစ် ယနေ့ညနေ ၄ နာရီခွဲတွင် ရန်ကုန်မြို့တနေရာ၌ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီ (GSC)၊ လူမျိုးပေါင်းစုံအထွေထွေသပိတ်ကော်မတီ (GSCN)၊ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုကော်မတီ (AJMM) တို့ စုပေါင်း၍ “အဖိနှိပ်ခံတွေ တသားတည်းညီရင် မီးဟုန်းဟုန်တောက်စေရမယ်” ခေါင်းစဥ်ဖြင့် ပြောက်ကျားသပိတ် ပြုလုပ်ခဲ့သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်နေ့တွင် ပြုလုပ်ခဲ့သော အလုပ်သမားထု ဦးဆောင်သည့် သပိတ်စစ်ကြောင်းအား ဂုဏ်ပြုသည့်အနေဖြင့် တနှစ်ပြည့်ဖြစ်သည့် ယနေ့တွင် သပိတ်ကော်မတီသုံးခုမှ အလုပ်သမား၊ ကျောင်းသား၊ လူငယ် ရဲဘော်များ ပူးပေါင်းပြုလုပ်ကြခြင်း ဖြစ်သည်။]

Photo – MPA 

#GSC #GSCN #AJMM

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ