ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂများမှ စစ်ရှောင်ပြည်သူများသို့ စားနပ်ရိက္ခာများ ထောက်ပံ့ကူညီ


ဇန်နဝါရီ ၂၈၊ ဗကသ

ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားများသမဂ္ဂမှ ဦးဆောင်၍ ပြည်သူများမှထောက်ပံ့မှုဖြင့် ၇ရက်အတွင်းရရှိသော အလှူငွေ ၁၁၂၀၀၀၀ ( စာဖြင့် - တဆယ့်တသိန်း နှစ်သောင်း) ကျပ်အား စားရေးသောက်ရေးအတွက် လိုအပ်သော စားနပ်ရိက္ခာများကို ဝယ်ယူ၍ KNU ထိန်းချုပ်နယ်မြေ တပ်မဟာ(၆)ရှိ စစ်ဘေးရှောင်ပြည်သူများနှင့် PDF ရဲဘော်များရှိရာ Camp တခုသို့ ပေးပို့လှူဒါန်းနိုင်ခဲ့ပါသည်။ မိဘပြည်သူများ၏ထောက်ပံ့မှုဖြင့် အခက်ခဲဖြစ်နေသော ရဲဘော်များနှင့် ပြည်သူများအတွက် စားရေးသောက်ရေးအခက်ခဲ ဖြေရှင်းနိုင်မှုကြောင့် မိဘပြည်သူများအား ကျွန်ုပ်တို့ ဗကသအဖွဲ့ချုပ်ဝင် ကျောင်းသားများဖြစ်သော ဘိုကလေးမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ သုံးခွမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ကွမ်းခြံကုန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ဒေါပုံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ သင်္ဃန်းကျွန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ကျောက်တံခါးမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ ကမာရွတ်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ တောင်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့မှ အထူးကျေးဇူးတင်ရှိပါသည်။


#သတင်းနှင့်ပြန်ကြားရေးဗျူရို
#ဗကသများအဖွဲ့ချုပ်
#ABFSU

Popular Posts

NUCC က လတ်တလောထုတ်ပြန်ထားတဲ့ CDM Policy နဲ့ပတ်သက်ပြီး ဗကသများအဖွဲ့ချုပ်ရဲ့ အမြင်နဲ့ သဘောထားများ

သတင်းထုတ်ပြန်ခြင်း

Statement on Ko Kaung Sat Paing (A.B.F.S.U)’s death penalty