ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂများမှ စစ်ရှောင်ပြည်သူများသို့ စားနပ်ရိက္ခာများ ထောက်ပံ့ကူညီ


ဇန်နဝါရီ ၂၈၊ ဗကသ

ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားများသမဂ္ဂမှ ဦးဆောင်၍ ပြည်သူများမှထောက်ပံ့မှုဖြင့် ၇ရက်အတွင်းရရှိသော အလှူငွေ ၁၁၂၀၀၀၀ ( စာဖြင့် - တဆယ့်တသိန်း နှစ်သောင်း) ကျပ်အား စားရေးသောက်ရေးအတွက် လိုအပ်သော စားနပ်ရိက္ခာများကို ဝယ်ယူ၍ KNU ထိန်းချုပ်နယ်မြေ တပ်မဟာ(၆)ရှိ စစ်ဘေးရှောင်ပြည်သူများနှင့် PDF ရဲဘော်များရှိရာ Camp တခုသို့ ပေးပို့လှူဒါန်းနိုင်ခဲ့ပါသည်။ မိဘပြည်သူများ၏ထောက်ပံ့မှုဖြင့် အခက်ခဲဖြစ်နေသော ရဲဘော်များနှင့် ပြည်သူများအတွက် စားရေးသောက်ရေးအခက်ခဲ ဖြေရှင်းနိုင်မှုကြောင့် မိဘပြည်သူများအား ကျွန်ုပ်တို့ ဗကသအဖွဲ့ချုပ်ဝင် ကျောင်းသားများဖြစ်သော ဘိုကလေးမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ သုံးခွမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ကွမ်းခြံကုန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ဒေါပုံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ သင်္ဃန်းကျွန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ကျောက်တံခါးမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ ကမာရွတ်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ တောင်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့မှ အထူးကျေးဇူးတင်ရှိပါသည်။


#သတင်းနှင့်ပြန်ကြားရေးဗျူရို
#ဗကသများအဖွဲ့ချုပ်
#ABFSU

Popular Posts

စစ်အာဏာသိမ်း (၅) နှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ကြေညာချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ