ဗကသများအဖွဲ့ချုပ် ဒုဥက္ကဌ ကိုဝေယံဖြိုးမိုးအား ဇန်နဝါရီ ၇ ရက်နေ့တွင် ရုံးထုတ်မည်ဖြစ်ပြီး ထောင်တွင်းအကြမ်းဖက် နှိပ်စက်ခံထားရသောကြောင့် ကျန်းမာရေးထိခိုက်မှုများ ရှိနေ


ဇန်နဝါရီ ၆၊ ဗကသ

ဗကသများအဖွဲ့ချုပ် ဒုဥက္ကဌ ကိုဝေယံဖြိုးမိုးအား အမိန့်ချရန် ကျန်ရှိနေသေးသည့် မတရားစွဲဆိုထားသော ပုဒ်မများကို မနက်ဖြန် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့၌ ရုံးထုတ်စစ်ဆေးမည်ဟု သိရသည်။ ကိုဝေယံဖြိုးမိုးကို ကျောက်တံတားမြိုနယ်တရားရုံးမှ မတရားစွဲဆိုထားသော ပုဒ်မ ၂ ခုအား ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့၌ ထောင်တွင်းတရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်၊ ၁ လ ချမှတ်အပြီးတွင် ကိုဝေယံဖြိုးမိုးအား အင်းစိန်ထောင် သပြေဆောင်သို့ ပြောင်းရွှေ့ခဲ့သည်။

ကိုဝေယံဖြိုးမိုးအား အင်းစိန်ထောင် သပြေဆောင်သို့ ပြောင်းရွှေ့ရာတွင် သပြေဆောင်မှူးမှ ဖိနပ်နှင့် ပါးရိုက်ခဲ့ပြီး ပုံ‌စံခန်းသို့ခေါ်ဆောင်ကာ အကျဉ်းသား ၅ ‌ယောက်မှ ၂ ကြော့ပြန်ကာ ထိုးကြိတ်ရိုက်နှက် နှိပ်စက်ခဲ့မှုများကြောင့် ကိုဝေယံဖြိုးမိုး၏ မျက်နှာ၊ လည်ပင်းနှင့် နံရိုးများတွင် အသက်အန္တရာယ် စိုးရိမ်ရသည်အထိ ပြင်းထန်သည့်ဒဏ်ရာများရခဲ့ပြီး ဆေးကုသခွင့်ရရန် တောင်းဆိုထားသည်။ ကိုဝေယံဖြိုးမိုးသည် အကြမ်းဖက်နှိပ်စက်ခံရသော ဒဏ်ရာများကြောင့် ယခုအချိန်တွင် ဆိုးရွားစွာ ကျန်းမာရေးချို့ယွင်းလျှက်ရှိပြီး အမြန်ဆုံး ဆေးကုသခွင့်ရရန် လိုအပ်နေကြောင်း သိရသည်။

#သတင်းနှင့်ပြန်ကြားရေးဗျူရို
#ဗကသများအဖွဲ့ချုပ်
#ABFSU

Popular Posts

စစ်အာဏာသိမ်း (၅) နှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ကြေညာချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်