ရန်ကုန် တောင်ဥက္ကလာပမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ "ဒီမိုကရေစီပညာရေး" ဆောင်းပါးများဖြန့်ဝေ၍ စစ်ကျွန်ပညာရေးကို ဆုံးခန်းတိုင်သပိတ်မှောက်ကြရန် တိုက်တွန်း
ဇန်နဝါရီ ၁၄၊ ဗကသ
ရန်ကုန် တောင်ဥက္ကလာပမြို့နယ်တွင် ကျောင်းတက်နေကြသော ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများအား "ဒီမိုကရေစီပညာရေး"ဆောင်းပါးများ လိုက်လံဝေငှပြီး စစ်ကျွန်ပညာရေးကို ဆုံးခန်းတိုင်သပိတ်မှောက်ကြရန် အသိပညာပေးစည်းရုံးမှုကို တောင်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် မြို့နယ်အတွင်းရှိ ဗကသများအဖွဲ့ချုပ်၀င်ကျောင်းသားများသမဂ္ဂဖြစ်ကြသော အထက(၁)၊ အထက(၂)၊ အထက(၃)၊ အထက(၄)၊ Success Private School တောင်ဥက္ကလာပ ကျောင်းသားသမဂ္ဂများမှ ကျောင်းသားရဲဘော်များ စုပေါင်း၍ပြုလုပ်ခဲ့သည်။
#သတင်းနှင့်ပြန်ကြားရေးဗျူရို
#ဗကသများအဖွဲ့ချုပ်
#ABFSU