ကယ်တင်ရှင်ဘယ်သောအခါမှမရှိ


ယနေ့ညနေခင်း ရန်ကုန်မှာ ' There is no supreme Savior "ကယ်တင်ရှင်ဘယ်သောအခါမှ မရှိ" ဆိုတဲ့ ဘန်နာကိုင်ဆောင်ပြီး လူထုကိုလှုံ့ဆော်ခဲ့တဲ့ ဖက်ဆစ်ဆန့်ကျင်ရေးပြောက်ကျားသပိတ်ကို ပြုလုပ်ခဲ့ကြပါတယ်။

ဒီသပိတ်ကို စစ်အာဏာရှင်ဆန့်ကျင်ရေး အထွေထွေသပိတ်ကော်မတီ - GSC မှာပါဝင်ကြတဲ့ ကြည့်မြင်တိုင်လူငယ်များသပိတ်ကော်မတီ ၊ ကြည့်မြင်တိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ လူ့ဘောင်သစ်လူငယ် - YNS မင်္ဂလာတောင်ညွန့်မြို့နယ်သပိတ်ကော်မတီ ၊ ပုဇွန်တောင်/ ဗိုလ်တထောင် လူငယ်များသပိတ်ကော်မတီ ၊ တာမွေသပိတ်ကော်မတီ ၊ သာကေတမြို့နယ်သပိတ်ကော်မတီ နဲ့ မြို့နယ်အသီးသီးမှလူငယ်များ ပူးပေါင်းပြုလုပ်ခဲ့ကြတာဖြစ်ပါတယ် ။
#WhatsHappeningInMyanmar
#GSC #ABFSU #ဗကသများအဖွဲ့ချုပ်

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ