ဗကသများအဖွဲ့ချုပ်မှ မန္တလေးတွင် ကျောင်းသားအာဇာနည် ဗိုလ်အောင်ကျော် ကျဆုံးခြင်း ၈၃ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်


ဒီဇင်ဘာလ ၂၂၊ မန္တလေး

ယနေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ကျောင်းသားအာဇာနည် ဗိုလ်အောင်ကျော် ကျဆုံးခြင်း ၈၃ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် မန္တလေးမြို့တနေရာတွင်  မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့မှ ဦးဆောင်၍ စံဟိန်းကိုယ်ပိုင်အထက်တန်းကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ မင်းမြန်မာကိုယ်ပိုင်အထက်တန်းကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက(၁၂) ချမ်းအေးသာစံကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ Golden Gate ကိုယ်ပိုင်အထက်တန်းကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ အထက (၂၇) မန္တလေးစက်မှုဇုန်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့မှ စုပေါင်းကာ "ဗိုလ်အောင်ကျော်စိတ်ဓာတ် ကိုင်စွဲတိုက်ပွဲဝင်ကြ" စာသားပါဘန်နာအား ကိုင်စွဲ၍ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့သည်။


#သတင်းနှင့်ပြန်ကြားရေးဗျူရို
#ဗကသများအဖွဲ့ချုပ်
#ABFSU #BESU

Popular Posts

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

ABFSU Fundraising ဆိုတာဘာလဲ?

အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုညီမင်းသူ ကျဆုံးခြင်း ၁ လပြည့်ခဲ့ပြီ