ကျောင်းသားအာဇာနည် ဗိုလ်အောင်ကျော် ကျဆုံးခြင်း ၈၃ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဗကသများအဖွဲ့ချုပ်မှ ရန်ကုန်တွင် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်


ဒီဇင်ဘာ ၂၂၊ ရန်ကုန်

ယနေ့ ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ကျောင်းသားအာဇာနည် ဗိုလ်အောင်ကျော် ကျဆုံးခြင်း ၈၃ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် မြောက်ဒဂုံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ မြောက်ဒဂုံသပိတ်ကော်မတီ(NDOPSC)၊ အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်)၊ အင်းစိန်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက(၂)အင်းစိန်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ မရမ်းကုန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ လှိုင်သာယာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ သင်္ဃန်းကျွန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ရန်ကုန်အဝေးသင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ လှိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်) နှင့် လူထုအခြေပြုအထွေထွေသပိတ်ကော်မတီ တို့ပူးပေါင်း၍ " ဗိုလ်အောင်ကျော်စိတ်ဓာတ် ကိုင်စွဲတိုက်ပွဲဝင်ကြ"၊ "ကျောင်းသားပြည်သူပူးပေါင်းလို့ စစ်အာဏာရှင်စနစ်ကိုအမြစ်ဖြတ်ချေမှုန်းစို့" စာသားပါဘန်နာများနှင့် ဗကသ အကသ အလံတော်များကိုင်စွဲကာ ရန်ကုန်တွင် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

#သတင်းနှင့်ပြန်ကြားရေးဗျူရို 
#ဗကသများအဖွဲ့ချုပ်
#ABFSU

Popular Posts

NUCC က လတ်တလောထုတ်ပြန်ထားတဲ့ CDM Policy နဲ့ပတ်သက်ပြီး ဗကသများအဖွဲ့ချုပ်ရဲ့ အမြင်နဲ့ သဘောထားများ

သတင်းထုတ်ပြန်ခြင်း

Statement on Ko Kaung Sat Paing (A.B.F.S.U)’s death penalty