စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ကိုနှင်းအောင် (ဗကသများအဖွဲ့ချုပ် ဗဟိုကော်မတီဝင်ဟောင်း တိုင်းရင်းသားရေးရာတာဝန်ခံ) သို့ ဂုဏ်ပြု‌သဝဏ်လွှာ

သဝဏ်လွှာအမှတ် - ၆ / ၂၀၂၁
ရက်စွဲ - ၄ / ၁၂ / ၂၀၂၁

                    ဗကသများအဖွဲ့ချုပ်၏ ဗဟိုလုပ်ငန်းကော်မတီဝင်ဟောင်း တိုင်းရင်းသားရေးရာတာဝန်ခံအဖြစ် ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ကိုနှင်းအောင်သည် စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း၊ ပြည်သူ့တာဝန်များကို ထမ်းဆောင်ရင်း ဖက်ဆစ်အုပ်စု၏ အကြမ်းဖက် ဖမ်းဆီးညှဉ်းပမ်း နှိပ်စက်သတ်ဖြတ်မှုကြောင့် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျဆုံးသွားသည်ဟု သိရပါသည်။ စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း အာဇာနည်ပီသစွာဖြင့် အသက်ပေးလှူကာ မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ရဲဘော်နှင်းအောင်အား ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်မှ အစဉ်အမြဲအောက်မေ့ သတိရနေမည်ဖြစ်သည်။ မပြီးပြတ်သေးသော စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေး တာဝန်များကို ကျေပွန်သည့်အထိ ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်မှ အဖိနှိပ်ခံပြည်သူလူထုနှင့်အတူ ဆက်လက်၍ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းကိုလည်း ကျ‌ဆုံးရဲဘော်များအား တိုင်တည်ကာ ကတိသစ္စာပြုအပ်ပါသည်။

မြေဝသုန်ရေ . . . ဂုဏ်ပြုအပ်တဲ့ ရဲဘော်တဦးကို ဆီးလို့ကြိုပေတော့

ဗဟိုအမှုဆောင်အဖွဲ့
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ