တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ဗကသကျောင်းသားများမှ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး လှုပ်ရှားမှုပြုလုပ်


ဒီဇင်ဘာ ၉၊ ရန်ကုန်

တောင်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် မြို့နယ်အတွင်းရှိ အထက(၁)၊ အထက(၂)၊ အထက(၃)၊ အထက(၄) တောင်ဥက္ကလာပ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ပူးပေါင်း၍ ပြည်သူ့ဒီမိုကရေစီအတွက် ကိုယ်တိုင်တိုက်ပွဲ၀င်ကြရန် ဘုံရန်သူဖြစ်သည့် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်တွန်းလှန်ကြရန် ပြည်သူလူထုအား လှုံ့ဆော်သည့်အနေဖြင့် လူသွားလူလာများသော ဈေးများ၊ လမ်းမကြီးများထက်၌ လှုံ့ဆော်စာရွက်များ လိုက်လံဖြန့်ကြဲခြင်း ပြုလုပ်ခဲ့သည်။


#သတင်းနှင့်ပြန်ကြားရေးဗျူရို
#ဗကသများအဖွဲ့ချုပ်
#ABFSU

Popular Posts

စစ်အာဏာသိမ်း (၅) နှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ကြေညာချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

ဗကသများအဖွဲ့ချုပ်က ကျေးရွာ ၈ရွာမှာ အာဏာသိမ်း ၅ နှစ်ပြည့် လက်ကမ်းစာစောင် ဖြန့်ဝေ