အရာတော်ဗကသမှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်
ဒီဇင်ဘာ ၂၀၊ စစ်ကိုင်း
အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အရာတော်မြို့နယ်မှ ကျောင်းသား/လူငယ်များ ဦးဆောင်သော ကျောင်းသားထု/လူထု သပိတ်စစ်ကြောင်းသည် ယနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ ❝ဗိုလ်အောင်ကျော်ဟန်၊ ဗိုလ်အောင်ကျော်မာန်နှင့် အဆုံးသတ်လွတ်မြောက်ရေးသို့ ချီတက်ကြ❞ စာသားပါ ဘန်နာအား ကိုင်ဆောင်ပြီး စစ်အာဏာရှင်အမြစ်ပြတ်ရေး လှုပ်ရှားမှုတရပ်ပြုလုပ်ကာ အဖိနှိပ်ခံပြည်သူလူထု အလုံးစုံလွတ်မြောက်ရေးအတွက် လူထုတော်လှန်တိုက်ပွဲကို ဆင်နွှဲကြရန် နှိုးဆော်ခဲ့သည်။
#သတင်းနှင့်ပြန်ကြားရေးဗျူရို
#ဗကသများအဖွဲ့ချုပ်
#ABFSU