ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်မှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်

ဒီဇင်ဘာ ၁၁၊ ရန်ကုန်

ယနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့တွင် လူထုအခြေပြုအထွေထွေသပိတ်ကော်မတီနှင့် ဗကသများအဖွဲ့ချုပ် ပူးပေါင်း၍ ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့၌ ရန်ကုန်တွင် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့သည်။ လူထုအခြေပြုအထွေထွေသပိတ်ကော်မတီနှင့် ဗကသများအဖွဲ့ချုပ်ဝင်သမဂ္ဂများဖြစ်သော အထက(၂)အင်းစိန်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အင်းစိန်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ လှိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ လှိုင်သာယာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ရန်ကုန်အဝေးသင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် မရမ်းကုန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ ပူးပေါင်း၍ "အာဇာနည်တွေအတွက် ဒီနေ့ဟာ ရက်လည်၊ အာဏာရှင်တွေအတွက် နေ့ရက်တိုင်းဟာ ရက်လည်" ဟူသော ဘန်နာကိုင်စွဲကာ ဗကသအလံတော်၊ အကသအလံတော်နှင့် လူထုလွတ်မြောက်ရေး အလံတော်နီများကိုင်စွဲကာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။

#သတင်းနှင့်ပြန်ကြားရေးဗျူရို 
#ABFSU #BESU
#ဗကသများအဖွဲ့ချုပ် #အကသ

Popular Posts

NUCC က လတ်တလောထုတ်ပြန်ထားတဲ့ CDM Policy နဲ့ပတ်သက်ပြီး ဗကသများအဖွဲ့ချုပ်ရဲ့ အမြင်နဲ့ သဘောထားများ

သတင်းထုတ်ပြန်ခြင်း

Statement on Ko Kaung Sat Paing (A.B.F.S.U)’s death penalty