ရန်ကုန် မြောက်ဥက္ကလာပတွင် ဗကသများမှ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး လှုပ်ရှားမှုပြုလုပ်

ယနေ့ (၈/၁၁/၂၀၂၁) တွင် မြောက်ဥက္ကလာပမြို့နယ်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ အမျိုးသားယဥ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နှင့် မင်္ဂလာဒုံမြို့နယ်လုံးဆိုင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့မှ "တိုက်ပွဲခေါ်သံ တညံညံ"၊ "အကြောက်တရား အမြန်ဖယ်"၊ "အောင်ပွဲဆီသို့ ပေါင်းစည်းချီတက်" ဟု ကြွေးကြော်၍ သပိတ်ချီတက်ခြင်း၊ ကျွန်ပညာရေးစာအုပ်များကို မီးရှို့ကာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ်ကို မြောက်ဥက္ကလာပမြို့နယ်တွင် ပြုလုပ်ခဲ့ပါသည်။

#ဗကသများအဖွဲ့ချုပ်
#ABFSU

Popular Posts

စစ်အာဏာသိမ်း (၅) နှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ကြေညာချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

ဗကသများအဖွဲ့ချုပ်က ကျေးရွာ ၈ရွာမှာ အာဏာသိမ်း ၅ နှစ်ပြည့် လက်ကမ်းစာစောင် ဖြန့်ဝေ