မြောက်ဒဂုံမြို့နယ်တွင် ဗကသကျောင်းသားများမှ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး လှုပ်ရှားမှုပြုလုပ်


ယနေ့ (၁/၁၁/၂၀၂၁) တွင် မြောက်ဒဂုံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် မြောက်ဒဂုံသပိတ်တပ်ပေါင်းစုတို့ ပူးပေါင်းကာ ❝တိုင်းရင်းသားတို့အတူရုန်း၊ စစ်အာဏာရှင်အမြစ်ပြုန်း❞၊ ❝အားတင်းထားပါထန်တလန်ရေ မင်းတို့နောက်မှာငါတို့ရှိတယ်❞၊ ❝စစ်ကျွန်ပညာရေးကို အမြစ်ပြတ်တော်လှန်ကြ❞ ဟူသော ကြွေးကြော်သံများဖြင့် ဖတ်စာအုပ်များနှင့် တာယာများကိုမီးရှို့ကာ​ မြောက်ဒဂုံမြို့နယ်တွင် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။

#ဗကသများအဖွဲ့ချုပ်
#ABFSU


Popular Posts

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

ABFSU Fundraising ဆိုတာဘာလဲ?

အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုညီမင်းသူ ကျဆုံးခြင်း ၁ လပြည့်ခဲ့ပြီ