မန္တလေးတွင် ဗကသကျောင်းသားများမှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လှုပ်ရှားမှုပြုလုပ်

စစ်တပ်ပိုင်နှင့် ဆက်နွယ်ထုတ်ကုန်များကို သပိတ်မှောက်ကြရန် လက်ကမ်းစာစောင်များ ဝေငှခြင်းနှင့် နိုင်ငံတဝန်း အဖိနှိပ်ခံနေရသော တိုင်းရင်းသား ညီကိုမောင်နှမများနှင့် တသွေးတည်းရှိကြောင်း၊ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ရန်၊ စစ်ကျွန်ပညာရေးတွင် ပညာသင်ယူစေခြင်း ကျောင်းအပ်ခြင်းများ မပြုလုပ်ကြစေရန် စျေးဝယ်မိဘပြည်သူများထံသို့ ချမ်းအေးသာစံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ချမ်းမြသာစည်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့မှ တော်လှန်ရေးအသိပညာပေး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လူထုလှုံ့ဆော်ဟောပြောမှုတခုကို ယနေ့ နိုဝင်ဘာလ ၃ ရက်နေ့တွင် မန္တလေးမြို့တနေရာ၌ ပြုလုပ်ခဲ့ပါသည်။

#ဗကသများအဖွဲ့ချုပ်
#ABFSU

Popular Posts

စစ်အာဏာသိမ်း (၅) နှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ကြေညာချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်