❝သခင်ဗဟိန်း ကျဆုံးခြင်း ၇၅ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် အင်းစိန်တွင် ဗကသများက စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုပြုလုပ်❞

နိုဝင်ဘာ ၂၀၊ ရန်ကုန်

ယနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ရန်ကုန် အင်းစိန်၌ အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ(ဗကသများအဖွဲ့ချုပ်)၊ အထက(၂)အင်းစိန်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အင်းစိန်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ လှိုင်သာယာမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ မြောက်ဒဂုံမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ ချမ်းအေးသာစံမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ (အကသ)၊ အထက(၁)ဒဂုံကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက(၂)မရမ်းကုန်းကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက(၃)မရမ်းကုန်းကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှကျောင်းသားရဲဘော်များပူးပေါင်း၍ ❝မြင်းခွာတစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေ့မယ်❞ စာသားပါဘန်နာနှင့် ဗကသအလံတော် အကသအလံတော်များကို ကိုင်စွဲကာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။
#သတင်းနှင့်ပြန်ကြားရေးဗျူရို 
#ဗကသများအဖွဲ့ချုပ်
#ABFSU #BESU 

Popular Posts

စစ်အာဏာသိမ်း (၅) နှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ကြေညာချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်