ရန်ကုန် ရွှေပြည်သာတွင် ဗကသများမှ ဒီမိုကရေစီပညာရေး အသိပညာပေးလှုပ်ရှားမှု ပြုလုပ်


နိုဝင်ဘာလ ၁၃၊ ရန်ကုန်

ဒီမိုကရေစီပညာရေး အသိပေးလှုပ်ရှားမှုအဖြစ် ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက(၁)ရွှေပြည်သာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက(၃)ရွှေပြည်သာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)တို့မှ “ဒီမိုကရေစီပညာရေး” ဆောင်းပါးကို ရွှေပြည်သာမြို့နယ် ဖြန့်ဝေခြင်း၊ YBS များပေါ်တွင်ကပ်ခြင်းများ ပြုလုပ်ခဲ့ပါသည်။

ဒီမိုကရေစီပညာရေးအတွက် တိုက်ပွဲဝင်ကြ
စစ်အာဏာရှင်စနစ် မုချကျဆုံးရမည်

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU



Popular Posts

NUCC က လတ်တလောထုတ်ပြန်ထားတဲ့ CDM Policy နဲ့ပတ်သက်ပြီး ဗကသများအဖွဲ့ချုပ်ရဲ့ အမြင်နဲ့ သဘောထားများ

သတင်းထုတ်ပြန်ခြင်း

Statement on Ko Kaung Sat Paing (A.B.F.S.U)’s death penalty