ပြည်သူ့တရားစီရင်ခန်း
ယနေ့ (၁၄/၁၀/၂၀၂၁) တွင် အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အရာတော်မြို့နယ်မှ ကျောင်းသားလူငယ်များ၊ ပြည်သူများ၊ CDM ဝန်ထမ်းများပါဝင်သော လူထုသပိတ်စစ်ကြောင်းက ဖက်ဆစ်စစ်တပ်ကို ပြည်သူများက တရားစီရင်ရမည့်အချိန် ရောက်လာပြီဖြစ်ကြောင်း လှုံ့ဆော်သည့်အနေဖြင့် "ပြည်သူ့တရားစီရင်ခန်း" ဘန်နာစာတန်းများ ကိုင်ဆောင်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် မိုးထဲရေထဲတွင် ချီတက်ဆန္ဒပြခဲ့ပါတယ်။
#ဗကသများအဖွဲ့ချုပ်
#ABFSU