အရာတော်ဗကသ မှ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

ယနေ့ (၂၁/၁၀/၂၀၂၁) တွင် အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အရာတော်မြို့နယ်မှ ကျောင်းသားလူငယ်များ၊ ပြည်သူများ၊ CDM ဝန်ထမ်းများပါဝင်သော လူထုသပိတ်စစ်ကြောင်းက စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် ဆန္ဒထုတ်ဖော် ကြွေးကြော်တိုင်တည်ခဲ့ကြပါတယ်။ ရွာနီးချုပ်စပ်က ပြည်သူများလည်း လာရောက်ဝန်းရံခဲ့ပြီး စစ်အာဏာရှင် အလုံးစုံပျက်သုဉ်းရေးအတွက် ပြည်သူ့ခုခံတော်လှန်စစ်ကို ထောက်ခံဝန်းရံကြရန် ‌သပိတ်ခေါင်းဆောင်များက မကြောက်တရားများ ရဲရဲတောက်ဟောပြောခဲ့ကြပါသည်။

#ဗကသများအဖွဲ့ချုပ်
#ABFSU


Popular Posts

စစ်အာဏာသိမ်း (၅) နှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ကြေညာချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်