မြောက်ဥက္ကလာပမြို့နယ်တွင် ဗကသကျောင်းသားများမှ အိုးဝေစာစောင်များဖြန့်ဝေ၊ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လှုပ်ရှားမှုပြုလုပ်

ယနေ့ အောက်တိုဘာလ ၂၆ ရက် (အင်္ဂါနေ့) တွင် မြောက်ဥက္ကလာပမြို့နယ်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အမျိုးသားယဥ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲ့ချုပ်) တို့ ပူးပေါင်း၍ မြောက်ဥက္ကလာပမြို့နယ်ရှိ လူစည်ကားသောနေရာများတွင် ❝တော်လှန်စစ်ကိုထောက်ခံကြ ငြိမ်းချမ်းရေးအတွက်တိုက်ပွဲရှိရမယ်❞ ခေါင်းစဥ်ဖြင့် Paper Strike ပြုလုပ်ခြင်း၊ ဗကသများအဖွဲ့ချုပ်နှင့် ရတကသတို့ ပူးပေါင်းထုတ်ဝေသော အိုးဝေစာစဥ်ကို ဘက်စ်ကားများပေါ်၌ ဖြန့်ဝေခြင်း၊ လူထုအား စစ်ကျွန်ပညာရေး သပိတ်မှောက်ရေးအတွက် ကျောင်းသား၊ ပြည်သူ စည်းလုံးညီညွတ်စွာ ပါဝင်ပူးပေါင်းကြရန် တိုက်တွန်းနှိုးဆော်ခြင်းများ ပြုလုပ်ခဲ့ပါသည်။

#ဗကသများအဖွဲ့ချုပ်
#ABFSU

Popular Posts

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

ABFSU Fundraising ဆိုတာဘာလဲ?

အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုညီမင်းသူ ကျဆုံးခြင်း ၁ လပြည့်ခဲ့ပြီ