လှိုင်မြို့နယ်ဗကသမှ ဦးဆောင်၍ စစ်ရှောင်ပြည်သူများနှင့် တိုက်ပွဲဝင်ရဲဘော်များကို အနွေးထည်များလှူဒါန်း

❝တိုင်းရင်းသားတို့အတူရုန်း၊ စစ်အာဏာရှင်အမြစ်ပြုန်း❞


၂၈/၁၀/၂၀၂၁

လှိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)မှ ဦးဆောင်၍ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုများနှင့်အတူ လှူဒါန်းမှုတခု ထပ်မံပြုလုပ်ခဲ့ပါသည်။ လက်ရှိတွင် တော်လှန်ရေးအရှိန်မြင့်တက်လျက်ရှိသော ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင်များနှင့် တိုက်ပွဲဝင်ရဲဘော်များအတွက် လိုအပ်သော အနွေးထည်များအား ❝တိုင်းရင်းသားတို့အတူရုန်း စစ်အာဏာရှင်အမြစ်ပြုန်း❞ ဟူသော အစီအစဥ်ဖြင့် လှူဒါန်းပေးခဲ့ပါသည်။

အသက်စတေး၍ တော်လှန်ပေးနေကြသော ရှေ့တန်းမှ ရဲဘော်များနှင့် စစ်ဘေးရှောင်ပြည်သူများအားလုံး နွေးထွေးနိုင်ကြပါစေကြောင်း ကျွန်ုပ်တို့မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
ထို့အပြင် ပါဝင်လှူဒါန်းပေးသော အလှူရှင်မိဘပြည်သူများကိုလည်း ကျွန်ုပ်တို့မှ ကျေးဇူးအထူးပင်တင်ရှိပါသည်။

#ဗကသများအဖွဲ့ချုပ်
#ABFSU


Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ