အရာတော်ဗကသ ဥက္ကဌ၏ နေအိမ်နှင့် ကုန်စုံဆိုင်ကို ဖက်ဆစ်စစ်တပ်က ချိတ်ပိတ်

အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဌဖြစ်သူ၏ နေအိမ်နှင့် မြို့မဈေးအတွင်းမှ ကုန်စုံဆိုင်ကို ဖက်ဆစ်စစ်တပ်က ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့တွင် ဝင်ရောက်စီးနင်းခဲ့ပြီး ချိတ်ပိတ်သွားကြောင်း သိရသည်။ ဖက်ဆစ်စစ်တပ်သည် ဝင်ရောက်စီးနင်းချိန်တွင် မိသားစုဝင်များကို သေနတ်ဖြင့်ချိန်ရွယ်ကာ အိမ်တွင်းပစ္စည်းများနှင့် ကုန်စုံဆိုင်မှ ပစ္စည်းများကို ချက်ချင်းပြောင်းရွှေ့ရန် အတင်းအဓမ္မစေခိုင်းခဲ့ပြီး အိမ်နှင့်ဆိုင်ကို ချိတ်ပိတ်သွားခဲ့ခြင်းဖြစ်သည်။ အရာတော်ဗကသ ဥက္ကဌ၏ ဖခင်ဖြစ်သူသည်လည်း အရာတော်မြို့တွင် ပထမဆုံး CDM ပြုလုပ်ခဲ့သည့် အရာတော်စည်ပင်မြို့တော်ဝန် ဖြစ်သည့်အတွက် လက်ရှိတွင် တိမ်းရှောင်နေရကြောင်း သိရသည်။

#ဗကသများအဖွဲ့ချုပ်
#ABFSU


Popular Posts

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

ABFSU Fundraising ဆိုတာဘာလဲ?

အခြေခံပညာကျောင်းသားများသမဂ္ဂ - အကသ (ဗကသများအဖွဲ့ချုပ်) ၏ ဥက္ကဌ(ဟောင်း)ဖြစ်သူ ကိုညီမင်းသူ ကျဆုံးခြင်း ၁ လပြည့်ခဲ့ပြီ