ရွှေဘိုခရိုင်ဗကသမှ မတရားဖမ်းဆီးခံရသူ ကိုဟန်သူ ပြန်လည်လွတ်မြောက်

သတင်းထုတ်ပြန်ခြင်း
၁၉/၁၀/၂၀၂၁

ရွှေဘိုခရိုင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ အဖွဲ့ဝင်ဖြစ်သူ ကိုဟန်သူသည် ရွှေဘိုအကျဉ်းထောင်တွင် ၇ လကျော်ကြာ မတရားဖမ်းဆီးခံခဲ့ရပြီး ယနေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။ ဗကသများအဖွဲ့ချုပ် (ရွှေဘိုခရိုင်) မှ ကိုဟန်သူ ပြန်လည်လွတ်မြောက်လာသော်လည်း ဗကသများအဖွဲ့ချုပ်၏ ဒုတိယဥက္ကဌ ကိုဝေယံဖြိုးမိုးနှင့် ဗကသများအဖွဲ့ချုပ်မှ အခြားသော မတရားဖမ်းဆီးခံ ကျောင်းသားများ လွတ်မြောက်လာခြင်း မရှိသေးပါ။

#ဗကသများအဖွဲ့ချုပ်
#ABFSU

Popular Posts

စစ်အာဏာသိမ်း (၅) နှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ကြေညာချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်