Posts

ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၆ နှစ်မြောက်အထိမ်းအမှတ်အဖြစ် တောင်ငူတွင် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၂ ဇွန် ၂၇၊ ဗကသ ချင်းလူမျိုး ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၆ နှစ်မြောက်အထိမ်းအမှတ်အဖြစ် “မင်းတို့စစ်ဖိနပ်အောက် ဘယ်တော့မှဒူးမထောက်ဘူး” စာသားပါဘန်နာအား ချိတ်ဆွဲကာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ်ကို ဇွန်လ ၂၆ ရက်နေ့၌ တောင်ငူမြို့တွင် ပြုလုပ်ခဲ့ပါသည်။ ထိုလှုပ်ရှားမှုကို တောင်ငူခရိုင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အထက ၁ တောင်ငူကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ ပူးပေါင်း၍ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဆလိုင်းတင်မောင်ဦးသည် ၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် စစ်အာဏာရှင်များ၏ မတရားကြိုးပေးကွပ်မျက်ခြင်းခံခဲ့ရသူဖြစ်ပြီး ယခုနှစ် ဇွန်လ ၂၆ တွင် ကြိုးပေးကွပ်မျက်ခံခဲ့ရခြင်း ၄၆ နှစ်ပြည့်မြောက်ပြီဖြစ်သည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu

ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မင်္ဂလာဒုံမြို့နယ်ဗကသမှ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၂ ဇွန် ၂၇၊ ဗကသ ကျောင်းသားအာဇာနည် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဇွန်လ ၂၆ ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ရန်ကုန်မြို့ရှိ လူကူးဂုံးကျော်တံတားတခုတွင် “စစ်ဖိနပ်အောက် ငါဘယ်တော့မှဒူးမထောက်ဘူး” စာသားပါဘန်နာအား ချိတ်ဆွဲကာ ဗကသခွပ်ဒေါင်းအောင်လံကို လွှင့်ထူ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #whathappeninginmyanmar

ဆလိုင်း‌တင်မောင်ဦး ကျဆုံးခြင်း ၄၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မြင်းမူမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၂ ဇွန် ၂၆၊ ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) ဝင် အထက မလဲသာ ကျောင်းသားများသမဂ္ဂ နှင့် မြင်းမူမြို့နယ် လူထုသပိတ်စစ်ကြောင်း ပူးပေါင်း၍ ယနေ့ ဇွန်လ ၂၆ ရက်နေ့တွင် ချင်းလူမျိုး ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး မတရားကြိုးပေးကွပ်မျက်ခံရခြင်း (၄၆) နှစ်မြောက် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားတရပ်ကို မြင်းမူမြို့နယ်တွင် ပြုလုပ်ခဲ့ပါသည်။ ကျောင်းသား/ပြည်သူထောင်ချီပါဝင်သော သပိတ်စစ်ကြောင်းသည် တပ်ဦးတွင် ဗကသခွပ်ဒေါင်းအောင်လံတော်အား လွင့်ထူ၍ “ဆလိုင်းတင်မောင်ဦး စိတ်ဓာတ်ကိုင်စွဲတိုက်ပွဲဝင်ကြ၊ စစ်သုံးစစ်ကို အမြစ်ပြတ် တိုက်ဖျက်ကြ” စာသားပါဘန်နာအား ကိုင်စွဲကာ သပိတ်စစ်ကြောင်း ချီတက်ခဲ့ခြင်းဖြစ်သည်။ (သပိတ်စစ်ကြောင်း လုံခြုံရေးအား တာဝန်ယူဆောင်ရွက်ပေးပါသော ဒေသခံကာကွယ်ရေးတပ်ဖွဲ့များအား အထူးကျေးဇူးတင်ရှိပါသည်။) သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #whathappeninginmyanmar

ချင်းလူမျိုး ကျောင်းသားခေါင်းဆောင်ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၆ နှစ်မြောက်အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၂ ဇွန် ၂၆၊ ဗကသ ချင်းလူမျိုး ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၆ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ယနေ့ ဇွန်လ ၂၆ ရက်နေ့တွင် ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက ၁ ရွှေပြည်သာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက ၆ ရွှေပြည်သာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချူပ်) နှင့် အောင်သုခကိုယ်ပိုင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့မှ ဆလိုင်းတင်မောင်ဦး ၏ မိန့်ခွန်းတခုဖြစ်သည့် “မင်းတို့ ငါ့ခန္ဓာကိုယ်ကိုသာ သတ်လို့ရမယ် ငါ့ရဲ့ယုံကြည်ချက်နဲ့ ရပ်တည်ချက်ကိုတော့ ဘယ်တော့မှ သတ်လို့ရမှာမဟုတ်ဘူး” ဟူသော စာသားပါဘန်နာအား ချိတ်ဆွဲ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ပါသည်။ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးသည် ၁၉၇၆ ဇွန် ၂၆ တွင် စစ်အာဏာရှင်များ၏ မတရားကြိုးပေး ကွပ်မျက်ခြင်းခံခဲ့ရသူဖြစ်ပြီး ယနေ့ ဇွန်လ ၂၆ တွင် ကြိုးပေးကွပ်မျက်ခံခဲ့ရခြင်း ၄၆ နှစ်ပြည့်မြောက်ပြီဖြစ်သည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #WhatHappeningInMyanmarNow

စမ်းချောင်းမြို့နယ် ဗကသမှ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၂ ဇွန် ၂၆၊ ဗကသ စမ်းချောင်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ဖက်ဆစ်တပ်မှ ဦးဆောင်ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲအား ဆန့်ကျင်သည့်လှုပ်ရှားမှုအဖြစ် “Elections belong to the people (ရွေးကောက်ခွင့်ဟာ ပြည်သူတွေအပိုင်ပဲ)” ဟု အဓိပ္ပါယ်ရသော စာသားပါဘန်နာအား ယနေ့ ဇွန်လ ၂၆ ရက်နေ့တွင် စမ်းချောင်းမြို့နယ်ရှိ ကျောင်းတကျောင်းတွင် ချိတ်ဆွဲခဲ့ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #whatshappeningnowinmyanmar

ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၆ နှစ်မြောက်အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၂ ဇွန် ၂၆၊ ဗကသ ချင်းလူမျိုး ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၆ နှစ်မြောက်အထိမ်းအမှတ်အဖြစ်  ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၀င် ကျောင်းသားသမဂ္ဂများ နှင့် မဟာမိတ်အဖွဲ့အစည်းများ ပူးပေါင်း၍ ဆားလင်းကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ထောက်တိုင် ဆာလဖျူရစ်အက်စစ်စက်ရုံရှေ့တွင် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါသည်။ ထိုလှုပ်ရှားမှုကို ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ဆားလင်းကြီးမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ) တို့ပူးပေါင်း၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဆလိုင်းတင်မောင်ဦးသည် ၁၉၇၆ ဇွန် ၂၆ တွင် စစ်အာဏာရှင်များ၏ မတရားကြိုးပေး ကွပ်မျက်ခြင်းခံခဲ့ရသူဖြစ်ပြီး ယနေ့ ဇွန်လ ၂၆ ရက်နေ့တွင် ကြိုးပေးကွပ်မျက်ခံခဲ့ရခြင်း ၄၆ နှစ်ပြည့်မြောက်ပြီဖြစ်သည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #WhatHappeningInMyanmarNow

ချင်းလူမျိုး ကျောင်းသားခေါင်းဆောင်ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၆ နှစ်မြောက်အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၂ ဇွန် ၂၆၊ ဗကသ ချင်းလူမျိုး ဗကသကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၆ နှစ်မြောက်အထိမ်းအမှတ်အဖြစ် ယနေ့ ဇွန်လ ၂၆ ရက်နေ့တွင် ပြင်ဦးလွင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို ပြင်ဦးလွင်မြို့၌ ပြုလုပ်ခဲ့ပါသည်။ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးသည် ၁၉၇၆ ဇွန် ၂၆ တွင် စစ်အာဏာရှင်များ၏ မတရားကြိုးပေး ကွပ်မျက်ခြင်းခံခဲ့ရသူဖြစ်ပြီး ယနေ့ ဇွန်လ ၂၆ တွင် ကြိုးပေးကွပ်မျက်ခံခဲ့ရခြင်း ၄၆ နှစ်ပြည့်မြောက်ပြီဖြစ်သည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu #WhatHappeningInMyanmarNow 

ချင်းလူမျိုး ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး မတရားကြိုးပေးကွပ်မျက်ခံရခြင်း ၄၆ နှစ်မြောက်အထိမ်းအမှတ် အကြိုအဖြစ် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၂ ဇွန် ၂၅ ၊ ဗကသ ချင်းလူမျိုး ဗကသကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၆ နှစ်မြောက်အထိမ်းအမှတ်အဖြစ် ရန်ကုန်တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) ၀င် ကျောင်းသားသမဂ္ဂများနှင့် မဟာမိတ်အဖွဲ့အစည်းများ ပူးပေါင်း၍ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့သည်။ ထိုလှုပ်ရှားမှုကို ဗကသများအဖွဲ့ချုပ်၀င် ကျောင်းသားသမဂ္ဂများ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ_DPNS၊ လူ့ဘောင်သစ်လူငယ်_YNS၊ Yangon's Rebels Strike Commitee-YRSC၊ ထား၀ယ်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ (ထ၀အကသ)၊ East Yangon University Students' Union_EYUSU (ရရတကသ) တို့ပူးပေါင်း၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဆလိုင်းတင်မောင်ဦးသည် ၁၉၇၆ ဇွန် ၂၆ တွင် စစ်အာဏာရှင်များ၏ မတရားကြိုးပေးကွပ်မျက်ခြင်းခံခဲ့ရသူဖြစ်ပြီး ယခုနှစ် ဇွန်လ ၂၆ တွင် ကြိုးပေးကွပ်မျက်ခံခဲ့ရခြင်း ၄၆ နှစ်ပြည့်မြောက်ပြီဖြစ်သည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ်  #ဆလိုင်းတင်မောင်ဦး #abfsu

ဖက်ဆစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သော မလဲသာဒေသတွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၂ ဇွန် ၂၂၊ ဗကသ အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ဦးဆောင်၍ ဇွန်လ ၂၂ ရက်နေ့တွင် ကျရောက်သော ဒေသခံကာကွယ်ရေးခေါင်းဆောင် “ဗိုလ်သက်တံ့” ဂုဏ်ရောင်ထွန်းပြောင်စွာ ကျဆုံးခြင်း (၈) လပြည့်အထိမ်းအမှတ်အဖြစ် “သွေးဟာမြစ်ဆို ဗိုလ်သက်တံ့က လှေဖြစ်တယ်ဆိုတာ ငါတို့မမေ့ဘူး”၊ “မလဲသာ ပြန်လာပြီ” စာသားပါဘန်နာအား ကိုင်စွဲကာ ကျောင်းသား/ပြည်သူ ပူးပေါင်းပါဝင်သော ညနေခင်းသပိတ်စစ်ကြောင်း ချီတက်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။   သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu

ဆားလင်းကြီးမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၂ ဇွန် ၂၂၊ ဗကသ ဖက်ဆစ်တပ်၏ အကြမ်းဖက်ဖိနှိပ်မှုကို ခံနေရသော လက်ပံတောင်းတောင်ဒေသရှိ လမ်းပိုင်းတနေရာတွင် “တော်လှန်ရဲတဲ့သူတွေအတွက် တိုင်းပြည်အသစ်ရှိတယ်” စာသားပါဘန်နာအား ကိုင်ဆွဲ၍ ဆားလင်းကြီးမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို ယနေ့ ဇွန်လ ၂၂ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu

အရာတော်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်

Image
၂၀၂၂ ဇွန် ၂၁၊ ဗကသ အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ဒေသခံပြည်သူလူထု ပူးပေါင်း၍ လူထုသပိတ်စစ်ကြောင်းသည် ❝‌ဖက်ဆစ်သွေးနဲ့ တိုင်းပြည်ဆေးမယ်❞ စာသားပါဘန်နာအား ကိုင်​ဆောင်ကာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ်ကို ယနေ့ ဇွန်လ ၂၁ ရက်နေ့တွင် အရာတော်မြို့နယ်၌ ပြုလုပ်ခဲ့ပါသည်။ လူထုသပိတ်စစ်ကြောင်းလုံခြုံရေးအတွက် လာရောက်ဝန်းရံပြီး လုံခြုံရေးယူပေးကြသော ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား အထူးကျေးဇူးတင်ရှိပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #abfsu

အရာတော်မြို့နယ် အရှေ့ပိုင်းတွင် ဗကသများအဖွဲ့ချုပ်မှ အိုးဝေစာစောင်များ ဖြန့်ဝေ

Image
၂၀၂၂ ဇွန် ၁၇၊ ဗကသ ဗကသများအဖွဲ့ချုပ်နှင့် ရတကသ တို့မှ ပူးပေါင်းထုတ်ဝေသည့် အိုးဝေစာစောင် အတွဲ ၂၊ အမှတ် ၄ ကို အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ အရာတော်မြို့နယ်အရှေ့ပိုင်းဒေသရှိ ပြည်သူလူထုများ၊ တော်လှန်ရေးရဲဘော်များထံသို့ ဇွန်လ ၁၅ ရက်နေ့တွင် ဖြန့်ဝေခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးဗျူရို ဗကသများအဖွဲ့ချုပ် #ABFSU