ချင်းလူမျိုး ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး မတရားကြိုးပေးကွပ်မျက်ခံရခြင်း ၄၆ နှစ်မြောက်အထိမ်းအမှတ် အကြိုအဖြစ် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၂ ဇွန် ၂၅ ၊ ဗကသ

ချင်းလူမျိုး ဗကသကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၆ နှစ်မြောက်အထိမ်းအမှတ်အဖြစ် ရန်ကုန်တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) ၀င် ကျောင်းသားသမဂ္ဂများနှင့် မဟာမိတ်အဖွဲ့အစည်းများ ပူးပေါင်း၍ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့သည်။


ထိုလှုပ်ရှားမှုကို ဗကသများအဖွဲ့ချုပ်၀င် ကျောင်းသားသမဂ္ဂများ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ_DPNS၊ လူ့ဘောင်သစ်လူငယ်_YNS၊ Yangon's Rebels Strike Commitee-YRSC၊ ထား၀ယ်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ (ထ၀အကသ)၊ East Yangon University Students' Union_EYUSU (ရရတကသ) တို့ပူးပေါင်း၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဆလိုင်းတင်မောင်ဦးသည် ၁၉၇၆ ဇွန် ၂၆ တွင် စစ်အာဏာရှင်များ၏ မတရားကြိုးပေးကွပ်မျက်ခြင်းခံခဲ့ရသူဖြစ်ပြီး ယခုနှစ် ဇွန်လ ၂၆ တွင် ကြိုးပေးကွပ်မျက်ခံခဲ့ရခြင်း ၄၆ နှစ်ပြည့်မြောက်ပြီဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ် 
#ဆလိုင်းတင်မောင်ဦး
#abfsu

Popular Posts

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ