ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၆ နှစ်မြောက်အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်


၂၀၂၂ ဇွန် ၂၆၊ ဗကသ

ချင်းလူမျိုး ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၆ နှစ်မြောက်အထိမ်းအမှတ်အဖြစ်  ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၀င် ကျောင်းသားသမဂ္ဂများ နှင့် မဟာမိတ်အဖွဲ့အစည်းများ ပူးပေါင်း၍ ဆားလင်းကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ထောက်တိုင် ဆာလဖျူရစ်အက်စစ်စက်ရုံရှေ့တွင် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါသည်။ ထိုလှုပ်ရှားမှုကို ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ဆားလင်းကြီးမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ) တို့ပူးပေါင်း၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။



ဆလိုင်းတင်မောင်ဦးသည် ၁၉၇၆ ဇွန် ၂၆ တွင် စစ်အာဏာရှင်များ၏ မတရားကြိုးပေး ကွပ်မျက်ခြင်းခံခဲ့ရသူဖြစ်ပြီး ယနေ့ ဇွန်လ ၂၆ ရက်နေ့တွင် ကြိုးပေးကွပ်မျက်ခံခဲ့ရခြင်း ၄၆ နှစ်ပြည့်မြောက်ပြီဖြစ်သည်။




သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu #WhatHappeningInMyanmarNow

Popular Posts

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ