ဖက်ဆစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သော မလဲသာဒေသတွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၂ ဇွန် ၂၂၊ ဗကသ

အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ဦးဆောင်၍ ဇွန်လ ၂၂ ရက်နေ့တွင် ကျရောက်သော ဒေသခံကာကွယ်ရေးခေါင်းဆောင် “ဗိုလ်သက်တံ့” ဂုဏ်ရောင်ထွန်းပြောင်စွာ ကျဆုံးခြင်း (၈) လပြည့်အထိမ်းအမှတ်အဖြစ် “သွေးဟာမြစ်ဆို ဗိုလ်သက်တံ့က လှေဖြစ်တယ်ဆိုတာ ငါတို့မမေ့ဘူး”၊ “မလဲသာ ပြန်လာပြီ” စာသားပါဘန်နာအား ကိုင်စွဲကာ ကျောင်းသား/ပြည်သူ ပူးပေါင်းပါဝင်သော ညနေခင်းသပိတ်စစ်ကြောင်း ချီတက်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။

 

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ