ဆလိုင်း‌တင်မောင်ဦး ကျဆုံးခြင်း ၄၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မြင်းမူမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်


၂၀၂၂ ဇွန် ၂၆၊ ဗကသ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) ဝင် အထက မလဲသာ ကျောင်းသားများသမဂ္ဂ နှင့် မြင်းမူမြို့နယ် လူထုသပိတ်စစ်ကြောင်း ပူးပေါင်း၍ ယနေ့ ဇွန်လ ၂၆ ရက်နေ့တွင် ချင်းလူမျိုး ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး မတရားကြိုးပေးကွပ်မျက်ခံရခြင်း (၄၆) နှစ်မြောက် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားတရပ်ကို မြင်းမူမြို့နယ်တွင် ပြုလုပ်ခဲ့ပါသည်။

ကျောင်းသား/ပြည်သူထောင်ချီပါဝင်သော သပိတ်စစ်ကြောင်းသည် တပ်ဦးတွင် ဗကသခွပ်ဒေါင်းအောင်လံတော်အား လွင့်ထူ၍ “ဆလိုင်းတင်မောင်ဦး စိတ်ဓာတ်ကိုင်စွဲတိုက်ပွဲဝင်ကြ၊ စစ်သုံးစစ်ကို အမြစ်ပြတ် တိုက်ဖျက်ကြ” စာသားပါဘန်နာအား ကိုင်စွဲကာ သပိတ်စစ်ကြောင်း ချီတက်ခဲ့ခြင်းဖြစ်သည်။


(သပိတ်စစ်ကြောင်း လုံခြုံရေးအား တာဝန်ယူဆောင်ရွက်ပေးပါသော ဒေသခံကာကွယ်ရေးတပ်ဖွဲ့များအား အထူးကျေးဇူးတင်ရှိပါသည်။)

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu #whathappeninginmyanmar

Popular Posts

NUCC က လတ်တလောထုတ်ပြန်ထားတဲ့ CDM Policy နဲ့ပတ်သက်ပြီး ဗကသများအဖွဲ့ချုပ်ရဲ့ အမြင်နဲ့ သဘောထားများ

သတင်းထုတ်ပြန်ခြင်း

Statement on Ko Kaung Sat Paing (A.B.F.S.U)’s death penalty