Posts

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်မှ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး လှုပ်ရှားမှုပြုလုပ်

Image
ဇန်နဝါရီ ၂၉၊ ဗကသ သင်္ဃန်းကျွန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ တောင်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ မင်္ဂလာဒုံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့မှ ယနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့၌ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို #ABFSU #ဗကသများအဖွဲ့ချုပ်

စစ်သုံးစစ်ကို အမြစ်ဖြတ်ကြ ပြည်သူ့ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ကြ

Image
#ဗကသများအဖွဲ့ချုပ် #ABFSU

အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ဦးဆောင်၍ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်

Image
ဇန်နဝါရီ ၂၈၊ ဗကသ အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ဦးဆောင်သော မလဲသာကျောင်းသား/လူထု သပိတ်စစ်ကြောင်းသည်  “Stop! Selling gun for Myanmar military.” စာသားပါဘန်နာအား ကိုင်စွဲ၍ ယနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို #ဗကသများအဖွဲ့ချုပ် #ABFSU

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်မှ မဟာမိတ်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်

Image
ဇန်နဝါရီ ၂၈၊ ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ)၊ နွေဦးတပ်ပေါင်းစုအထွေထွေသပိတ် နှင့် အဖိနှိပ်ခံလူထုကိုယ်စားပြုမြောက်ဒဂုံသပိတ်ကော်မတီ (NDOPSC) တို့ ပူးပေါင်း၍ ❝စစ်သုံးစစ်ကို အမြစ်ဖြတ်ကြ၊ ပြည်သူ့ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ကြ❞ စာသားပါဘန်နာဖြင့် မြောက်ဒဂုံမြို့နယ်တွင် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို #ဗကသများအဖွဲ့ချုပ် #ABFSU

ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂများမှ စစ်ရှောင်ပြည်သူများသို့ စားနပ်ရိက္ခာများ ထောက်ပံ့ကူညီ

Image
ဇန်နဝါရီ ၂၈၊ ဗကသ ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားများသမဂ္ဂမှ ဦးဆောင်၍ ပြည်သူများမှထောက်ပံ့မှုဖြင့် ၇ရက်အတွင်းရရှိသော အလှူငွေ ၁၁၂၀၀၀၀ ( စာဖြင့် - တဆယ့်တသိန်း နှစ်သောင်း) ကျပ်အား စားရေးသောက်ရေးအတွက် လိုအပ်သော စားနပ်ရိက္ခာများကို ဝယ်ယူ၍ KNU ထိန်းချုပ်နယ်မြေ တပ်မဟာ(၆)ရှိ စစ်ဘေးရှောင်ပြည်သူများနှင့် PDF ရဲဘော်များရှိရာ Camp တခုသို့ ပေးပို့လှူဒါန်းနိုင်ခဲ့ပါသည်။ မိဘပြည်သူများ၏ထောက်ပံ့မှုဖြင့် အခက်ခဲဖြစ်နေသော ရဲဘော်များနှင့် ပြည်သူများအတွက် စားရေးသောက်ရေးအခက်ခဲ ဖြေရှင်းနိုင်မှုကြောင့် မိဘပြည်သူများအား ကျွန်ုပ်တို့ ဗကသအဖွဲ့ချုပ်ဝင် ကျောင်းသားများဖြစ်သော ဘိုကလေးမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ သုံးခွမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ကွမ်းခြံကုန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ဒေါပုံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ သင်္ဃန်းကျွန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ကျောက်တံခါးမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)၊ ကမာရွတ်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ တောင်ဥက္ကလာပမြို့နယ်ကျောင်းသ...

တောင်ငူတွင် ဗကသများအဖွဲ့ချုပ်မှ အိုးဝေစာစောင်များ ဖြန့်ဝေ

Image
ဇန်နဝါရီ ၂၈၊ ဗကသ ဗကသများအဖွဲ့ချုပ် နှင့် ရတကသတို့မှ ပူးပေါင်းထုတ်ဝေသည့် အိုးဝေစာစောင် အတွဲ ၁ အမှတ် ၁၀ အား တောင်ငူမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အထက(၁)တောင်ငူကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့မှ ယနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့၌ တောင်ငူမြို့တွယ် ဖြန့်ဝေခဲ့ပါသည်။ အိုးဝေစာစောင် App ကို Google Playstore မှ download ရယူရန် #သတင်းနှင့်ပြန်ကြားရေးဗျူရို #ဗကသများအဖွဲ့ချုပ် #ABFSU

စစ်ကျွန်ပညာရေးဖျက်သိမ်းရေး၊ ဒီမိုကရေစီပညာရေးတည်ဆောက်ရေးအတွက် ဗကသများအဖွဲ့ချုပ်မှ ရန်ကုန်တွင် လှုပ်ရှားမှုပြုလုပ်

Image
ဇန်နဝါရီ ၂၇၊ ဗကသ အထက ၃ ရွှေပြည်သာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် စစ်ကျွန်ပညာရေးအား ဖျက်သိမ်းပစ်ရန်နှင့် ဒီမိုကရေစီပညာရေးအား ဖော်ဆောင်ကြရန်အတွက် စစ်ကျွန်ပညာရေးအား ဖျက်သိမ်းရေး နှိုးဆော်ချက်များနှင့် ဒီမိုကရေစီပညာရေး ဆောင်းပါးတိုများအား ရန်ကုန်မြို့ရှိ YBS ယာဉ်များ၊ ကားမှတ်တိုင်များ၌ စာကပ်ခြင်း၊ လိုက်လံဝေငှများ ပြုလုပ်ခဲ့ပါသည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို #ဗကသများအဖွဲ့ချုပ် #ABFSU

ရန်ကုန် တောင်ဥက္ကလာပမြို့နယ်တွင် ဗကသများအဖွဲ့ချုပ် မှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လှုပ်ရှားမှုပြုလုပ်

Image
ဇန်နဝါရီ ၂၇၊ ဗကသ တောင်ဥက္ကလာပမြို့နယ်​ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ယနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့၌ "သပိတ်စုံ သူပုန်ထ စစ်အာဏာရှင်စနစ် တိုက်ဖျက်ကြ" စာသားပါဘန်နာအား ချိတ်ဆွဲ၍ တိုက်ပွဲ၀င် ဗကသခွပ်ဒေါင်းအလံတော်အား လွှင့်ထူပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ်ကို ရန်ကုန် တောင်ဥက္ကလာပမြို့နယ်တွင် ပြုလုပ်ခဲ့ပါသည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို #‌ဗကသများအဖွဲ့ချုပ် #ABFSU

မုံရွာခရိုင်အရှေ့ပိုင်းဒေသတွင် ဗကသများအဖွဲ့ချုပ်မှ ဦးဆောင်၍ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်

Image
ဇန်နဝါရီ ၂၆၊ ဗကသ အထက မလဲသာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ဦးဆောင်သော မလဲသာကျောင်းသား/လူထု သပိတ်စစ်ကြောင်းသည် "စည်းလုံးရုန်းကြွ ပုံကန်ကြ" စာသားပါ ဘန်နာအားကိုင်ဆွဲ၍ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေးအတွက် မုံရွာခရိုင်အရှေ့ပိုင်းဒေသ၌ ယနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို #ဗကသများအဖွဲ့ချုပ် #ABFSU

အထက ၃၇ အောင်မြေသာစံမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဖွဲ့စည်း

Image
ဇန်နဝါရီ  ၂၅၊ ဗကသ ၈ ကြိမ်မြောက် ဗကသများအဖွဲ့ချုပ် ညီလာခံမှ ချမှတ်ပြဌာန်းခဲ့သော မူဝါဒ ၆ ချက်၊ ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်းဥပဒေနှင့် လက်ခံချက်သုံးရပ်ကို လက်ခံလိုက်နာပြီး အထက ၃၇ အောင်မြေသာစံမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ကို ယနေ့ ဇန်နဝါရီလ ၂၅ရက်နေ့တွင် ဖွဲ့စည်းလိုက်ပါသည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို  #ဗကသများအဖွဲ့ချုပ် #ABFSU

ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်မှ ဒီမိုကရေစီပညာရေး အသိပညာပေးစာစောင်များ ဖြန့်ဝေ

Image
ဇန်နဝါရီ ၂၅၊ ဗကသ ဒေါပုံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ စစ်ကျွန်ပညာရေးအား တိုက်ဖျက်ကြရန်၊ ဒီမိုကရေစီပညာရေးအတွက် တိုက်ပွဲဝင်ကြရန် နှိုးဆော်သည့် အသိပညာပေးစာစောင်များအား ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့၌ ဖြန့်ဝေခဲ့ပါသည်။ ❝စစ်ကျွန်ပညာရေးဆိုတာဘာလဲ❞ ဆောင်းပါး ❝ဒီမိုကရေစီပညာရေး❞ ဆောင်းပါး #သတင်းနှင့်ပြန်ကြားရေးဗျူရို #ဗကသများအဖွဲ့ချုပ် #ABFSU

ရန်ကုန် မြောက်ဥက္ကလာပမြိုနယ်တွင် ဗကသများအဖွဲ့ချုပ်မှ ဒီမိုကရေစီပညာရေးဆောင်ပါးများနှင့် စစ်တပ်ထုတ်ကုန်များ သပိတ်မှောက်ရေး စတစ်ကာများ ဖြန့်ဝေ

Image
ဇန်နဝါရီ ၂၅၊ ဗကသ အထက(၁)မြောက်ဥက္ကလာပ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အထက(၇)မြောက်ဥက္ကလာပ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့မှ စစ်အာဏာရှင်စနစ်အား တိုက်ဖျက်ကြရန်၊ စစ်ကျွန်ပညာရေးအား ဆန့်ကျင်ကြရန်၊ ဒီမိုကရေစီပညာရေးအတွက် တိုက်ပွဲဝင်ကြရန် လှုံ့ဆော်သည့် ဒီမိုကရေစီပညာရေးဆောင်းပါးများ ဖြန့်ဝေခြင်း၊ စစ်တပ်ထုတ်ကုန်များကို မသုံးစွဲဘဲ ဆက်လက်သပိတ်မှောက်ရန် လှုံ့ဆော်သည့် စတစ်ကာများ ဖြန့်ဝေခြင်း လှုပ်ရှားမှုကို ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် မြောက်ဥက္ကလာပမြို့နယ်၌ ပြုလုပ်ခဲ့ပါသည်။ #သတင်းနှင့်ပြန်ကြားရေးဗျူရို #ဗကသများအဖွဲ့ချုပ် #ABFSU