ရန်ကုန် မြောက်ဥက္ကလာပမြိုနယ်တွင် ဗကသများအဖွဲ့ချုပ်မှ ဒီမိုကရေစီပညာရေးဆောင်ပါးများနှင့် စစ်တပ်ထုတ်ကုန်များ သပိတ်မှောက်ရေး စတစ်ကာများ ဖြန့်ဝေ


ဇန်နဝါရီ ၂၅၊ ဗကသ

အထက(၁)မြောက်ဥက္ကလာပ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အထက(၇)မြောက်ဥက္ကလာပ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့မှ စစ်အာဏာရှင်စနစ်အား တိုက်ဖျက်ကြရန်၊ စစ်ကျွန်ပညာရေးအား ဆန့်ကျင်ကြရန်၊ ဒီမိုကရေစီပညာရေးအတွက် တိုက်ပွဲဝင်ကြရန် လှုံ့ဆော်သည့် ဒီမိုကရေစီပညာရေးဆောင်းပါးများ ဖြန့်ဝေခြင်း၊ စစ်တပ်ထုတ်ကုန်များကို မသုံးစွဲဘဲ ဆက်လက်သပိတ်မှောက်ရန် လှုံ့ဆော်သည့် စတစ်ကာများ ဖြန့်ဝေခြင်း လှုပ်ရှားမှုကို ယနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် မြောက်ဥက္ကလာပမြို့နယ်၌ ပြုလုပ်ခဲ့ပါသည်။



#သတင်းနှင့်ပြန်ကြားရေးဗျူရို
#ဗကသများအဖွဲ့ချုပ်
#ABFSU

Popular Posts

ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံဆော်လှုပ်ရှားမှု ပြုလုပ်

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ

နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါက်တာနေဝင်း ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း သ၀ဏ်လွှာ