ရေစကြိုနှင့် မြိုင်ကျောင်းသားများသမဂ္ဂမှ အိုးတိန်တွင်းဖြစ်စဉ်အတွင်း ကျဆုံးသွားသူများ၏ ကျန်ရစ်သူမိသားစုအား လှူဒါန်း

ရေစကြိုနှင့် မြိုင်ကျောင်းသားများသမဂ္ဂမှ အိုးတိန်တွင်းဖြစ်စဉ်အတွင်း ကျဆုံးသွားသူများ၏ ကျန်ရစ်သူမိသားစုအား လှူဒါန်း

မေလ ၁၉ ရက်၊ ၂၀၂၅ ခုနှစ်

ရေစကြိုမြို့နယ်ကျောင်းသားများသမဂ္ဂနဲ့ မြိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ပူးပေါင်းပြီး မေလ ၁၂ ရက်နေ့မှာ စစ်ကောင်စီရဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ ဒီပဲယင်းမြိုနယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းအတွင်းမှာ သေဆုံးသွားခဲ့တဲ့  ကျောင်းသား ၂၂ ယောက်နဲ့ ဆရာမ ၂ ယောက်ရဲ့ ကျန်ရစ်သူမိသားစုဝင်တွေထံ တအိမ်ထောင်ကို ရှစ်သောင်းကျပ်စီနဲ့ စုစုပေါင်း ငွေ ၁၉ သိန်း ၂သောင်းကျပ် သွားရောက်ပေးအပ်ကူညီခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #ရေစကြို #မြိုင် #Airstrikes #Militaryatrocities #studentsunion #အိုးတိန်တွင်း

Popular Posts

ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံဆော်လှုပ်ရှားမှု ပြုလုပ်

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ

ဗကသများအဖွဲ့ချုပ်နဲ့ မဟာမိတ်တွေ ပူးပေါင်းပြီး အရာတော်မြို့နယ်မှာ ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီ အရေးအတော်ပုံ နှစ်ပတ်လည်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်