ဘုတလင်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ ရပ်ရွာနေလူထုအား ပါရာမော်တာအန္တရာယ်ကာကွယ်ရေး သတိပေးစာစောင်ဝေ

ဘုတလင်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ ရပ်ရွာနေလူထုအား ပါရာမော်တာအန္တရာယ်ကာကွယ်ရေး သတိပေးစာစောင်ဝေ


မတ်လ ၁၃ ရက်၊ ၂၀၂၅

ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ဘုတလင်မြို့နယ်မှာ စက်တပ်လေထီး (Paramotor) အန္တရာယ်ကာကွယ်ရေးသတိပေး လက်ကမ်းစာစောင်တွေကို ​ထပ်မံဖြန့်ဝေခဲ့ကြပါတယ်။

ဒီလက်ကမ်းစာစောင်မှာ အကြမ်းဖက်စစ်ကောင်စီက လက်ရှိအသုံးပြုနေတဲ့ စက်တပ်လေထီး

(Paramotor) ရဲ့ အချက်အလက်တွေ၊ သရုပ်ပြပုံတွေ အကျဥ်းချုပ်ပါရှိပြီး တိုက်ခိုက်မှုဖြစ်ပေါ်လာချိန်မှာ ကာကွယ်တိမ်းရှောင်နိုင်မယ့် နည်းလမ်းတွေကို ဖော်ပြထားပါတယ်။ 

အကြမ်းဖက်စစ်တပ်က စက်တပ်လေထီး (Paramotor) တွေနဲ့ ပြည်သူလူထုကို နေ့ရက်မခြား သတ်ဖြတ်နေတဲ့ မတ်လ၁၃ရက်နေ့၊ ကိုဖုန်းမော်ကျဆုံးတဲ့ ၃၇ နှစ်မြောက်နေ့မှာ ပြည်သူအများ လေကြောင်းအန္တရာယ်က ကင်းဝေးစေရန် လေကြောင်းအန္တရာယ်လက်ကမ်းစာစောင်တွေထပ်မံဖြန့်ဝေခဲ့ခြင်းဖြစ်ပါတယ်။

#ABFSU #ဘုတလင် #Paramotor #airstrike

Popular Posts

စစ်အာဏာသိမ်း (၅) နှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ကြေညာချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်