ဘုတလင်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ ရပ်ရွာနေလူထုအား ပါရာမော်တာအန္တရာယ်ကာကွယ်ရေး သတိပေးစာစောင်ဝေ
ဘုတလင်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ ရပ်ရွာနေလူထုအား ပါရာမော်တာအန္တရာယ်ကာကွယ်ရေး သတိပေးစာစောင်ဝေ
မတ်လ ၁၃ ရက်၊ ၂၀၂၅
ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ဘုတလင်မြို့နယ်မှာ စက်တပ်လေထီး (Paramotor) အန္တရာယ်ကာကွယ်ရေးသတိပေး လက်ကမ်းစာစောင်တွေကို ထပ်မံဖြန့်ဝေခဲ့ကြပါတယ်။
ဒီလက်ကမ်းစာစောင်မှာ အကြမ်းဖက်စစ်ကောင်စီက လက်ရှိအသုံးပြုနေတဲ့ စက်တပ်လေထီး
(Paramotor) ရဲ့ အချက်အလက်တွေ၊ သရုပ်ပြပုံတွေ အကျဥ်းချုပ်ပါရှိပြီး တိုက်ခိုက်မှုဖြစ်ပေါ်လာချိန်မှာ ကာကွယ်တိမ်းရှောင်နိုင်မယ့် နည်းလမ်းတွေကို ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်တပ်က စက်တပ်လေထီး (Paramotor) တွေနဲ့ ပြည်သူလူထုကို နေ့ရက်မခြား သတ်ဖြတ်နေတဲ့ မတ်လ၁၃ရက်နေ့၊ ကိုဖုန်းမော်ကျဆုံးတဲ့ ၃၇ နှစ်မြောက်နေ့မှာ ပြည်သူအများ လေကြောင်းအန္တရာယ်က ကင်းဝေးစေရန် လေကြောင်းအန္တရာယ်လက်ကမ်းစာစောင်တွေထပ်မံဖြန့်ဝေခဲ့ခြင်းဖြစ်ပါတယ်။
#ABFSU #ဘုတလင် #Paramotor #airstrike