ဘုတလင်မြို့နယ်သမဂ္ဂမှ လက်ပံတန်း ကျောင်းသားသပိတ် ဖြိုခွဲခံရမှု ဆယ်နှစ်ပြည့်အထိမ်းအမှတ် အဖြစ် လက်ကမ်းစာ‌စောင်များဖြန့်ဝေ

ဘုတလင်မြို့နယ်သမဂ္ဂမှ လက်ပံတန်း ကျောင်းသားသပိတ် ဖြိုခွဲခံရမှု ဆယ်နှစ်ပြည့်အထိမ်းအမှတ် အဖြစ် လက်ကမ်းစာ‌စောင်များဖြန့်ဝေ

မတ်လ ၁၀ရက်၊ ၂၀၂၅

ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (‌ဗကသများအဖွဲ့ချုပ်) မှ ကျောင်းသားတွေ ဦးဆောင်တဲ့ ဒဒိမိုကရစေီပညာရေးသပိတ် လက်ပံတန်းမှာ အကြမ်းဖက်ဖြိုခွဲခံရတာ ဆယ်နှစ်ပြည့်တဲ့ အထိမ်းအမှတ်အနေနဲ့ လက်ကမ်းစာ‌စောင်များဖြန့်ဝေခဲ့ကြပါတယ်။

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလကစလို ဗမာပြည် အနယ်နယ်အရပ်ရပ်က ကျောင်းသားတွေ စုပေါင်းပြီး အမျိုးသားပညာရေးဥပဒေ ပြန်လည်ပြင်ဆင်ရေးအတွက် ဒီမိုကရေစီပညာရေး သပိတ်တိုက်ပွဲတရပ် ချီတက်‌ဖော်ဆောင်ခဲ့ကြပါတယ်။ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ကျောင်းသားတွေရဲ့ စစ်ကြောင်းကြီးက မတ်လ ၁၀ ရက်နေ့ လက်ပံတန်းမြို့အ‌ရောက်မှာ အကြမ်းဖက်ဖြိုခွဲခံခဲ့ရပါတယ်။ 

အကြမ်းဖက်စစ်အုပ်စု‌ဆီက‌နေ ကျောင်းသားသပိတ်ကြီး ရက်ရက်စက်စက် ဖြိုခွဲခံရမှုကို အများပြည်သူ အမှတ်ရစေဖို့ ဖြန့်ဝေခဲ့ကြတာ ဖြစ်ပါတယ်။

#ABFSU ##၂၀၁၅ပညာ‌ရေးသပိတ် #ဒီမိုကရေစီပညာရေးသပိတ် #ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ #ဗကသ #လက်ပံတန်း

Popular Posts

စစ်အာဏာသိမ်း (၅) နှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ကြေညာချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်