ဘုတလင်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်ဝင် ပြည်သူ့အခြေပြုကျောင်းသားများသမဂ္ဂ ဖွဲ့စည်း Get link Facebook X Pinterest Email Other Apps - March 16, 2024 ဘုတလင်မြို့နယ်တွင် ၂၀၂၄ ခုနှစ် မတ်လ ၁၆ ရက်နေ့၌ ဗကသများအဖွဲ့ချုပ်ဝင် ပြည်သူ့အခြေပြုကျောင်းသားများသမဂ္ဂ တရပ် ဖွဲ့စည်းခဲ့ပါသည်။ သတင်းနှင့်ပြန်ကြားရေးကော်မတီဗကသများအဖွဲ့ချုပ်#ABFSU #ဗကသ #လှုပ်ရှားမှု#whathappeninginmyanmar Get link Facebook X Pinterest Email Other Apps
စစ်အာဏာသိမ်း (၅) နှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ကြေညာချက် - February 01, 2026 စစ်အာဏာသိမ်း (၅) နှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ကြေညာချက် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် တော်လှန်ရေးအင်အားစုရဲဘော်များနှင့် လူမျိုးပေါင်းစုံပြည်သူလူထုအပေါင်းတို့…. ယနေ့ဆိုလျှင် မင်းအောင်လှိုင် စစ်အုပ်စုမှ ပြည်သူလူထု၏ အချုပ်အခြာအာဏာအား အတင်းအဓမ္မ သိမ်းပိုက်ခဲ့သည်မှာ (၅) နှစ်ပင်ပြည့်ခဲ့ပြီ ဖြစ်သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှစ၍လည်း ပြည်သူလူထုအနေဖြင့် စစ်အာဏာရှင်စနစ်အား တခဲနက် အုံကြွဆန့်ကျင်ခဲ့ကြသည်မှာ လက်နက်ကိုင် တော်လှန်ရေး အသွင်ထိပါ ကူးပြောင်း တိုက်ပွဲဝင်လာနိုင်သည်အထိ တော်လှန်ရေးရဲ့ အရှိန်အဟုန်မှာ မီးဟုန်းဟုန်းတောက်ခဲ့ပါပြီ။ တဖက်မှာလည်း စစ်အုပ်စုက လူထုတော်လှန်ရေးကြီးအား ရက်ရက် စက်စက် ဖြိုခွင်းချေမှုန်းခဲ့သလို နည်းလမ်းပေါင်းစုံဖြင့် အရပ်သား ပြည်သူများအား ပစ်မှတ်ထား၍ နေ့စဉ်ရက်ဆက် တိုက်ခိုက်လျက် ရှိပါသည်။ သို့ရာတွင် လူထု၏ ဒေါသမီးတောက်ကိုသာ ကြုံတွေ့နေရသည့် စစ်အုပ်စုသည် နိုင်ငံရေး ထွက်ပေါက်ရရန် အတုအယောင် ရွေးကောက်ပွဲတရပ်အား ကျင်းပ၍ လူထုနှင့် ပြည်တွင်းပြည်ပ အင်အားစုများအား မျက်လှည့်ပြ လှည့်စားရန် ကြံရွယ်နေပါသည်။ ထ... Read more
တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ် - September 18, 2025 တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ် စက်တင်ဘာ ၁၈၊ ၂၀၂၅ တနင်္သာရီမြို့နယ် ကျောင်းသားများသမဂ္ဂမှ တနင်္သာရီမြို့နယ် တော်လှန်ရေးဒေသတနေရာမှာ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ လှုပ်ရှားမှုမှာ စစ်ကောင်စီရဲ့ အတုအယောင် ရွှေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်ကြဖို့နဲ့ အာဏာရှင်မှန်သမျှကို တော်လှန်တိုက်ဖျက်ကြဖို့ တိုက်တွန်းနှိုးဆော်ရင်းနဲ့ နိုင်ငံရေးအသိပညာတွေကိုလည်း အသိပညာပေး ဟောပြောခဲ့ပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #ABFSU #ရွှေဝါရောင်တော်လှန်ရေး #သပိတ်လှုပ်ရှားမှု #တနင်္သာရီ Read more
ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ - June 06, 2025 ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ သ၀ဏ်လွှာအမှတ် - ၉/ဗကသ/၂၀၂၅ ရက်စွဲ - ၂၀၂၅ ခုနှစ်၊ ဇွန်လ ၆ ရက် ဗဟိုစည်းရုံးရေးကော်မတီ ဗကသများအဖွဲ့ချုပ် #ABFSU #ABWU #အမျိုးသမီးသမဂ္ဂ #ဗမသ Read more