တနင်္သာရီက တော်လှန်ရုပ်ရှင်ပြပွဲ ဒုတိယနေ့
◾️ တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နဲ့ ဗမာ့လူငယ်ကွန်ရက် တို့ ပူးပေါင်းပြီး ဒေသခံလူထုကို ဟောပြောဆွေးနွေးပွဲနဲ့ တော်လှန်ရုပ်ရှင်ပြပွဲတို့ကို မတ်လ ၁၇ ရက်နေ့ ညပိုင်းက တနင်္သာရီဒေသ တနေရာမှာ ပြုလုပ်ခဲ့ပါတယ်။
အဲဒီရုပ်ရှင်ပြပွဲမှာ လေကြောင်းအန္တရာယ်ကာကွယ်ရေး နည်းလမ်းများကို ဆွေးနွေးတင်ပြခြင်းနဲ့ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကိုလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။