ဗကသများအဖွဲ့ချုပ်က ဘုတလင်မြို့နယ်တွင် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လှုံ့ဆော်လှုပ်ရှားမှုများ ပြုလုပ်

၂၀၂၃ နိုဝင်ဘာ ၁၂၊ ဗကသ

ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က “ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိရမယ်” စာသားပါဘန်နာဖြင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လှုံ့ဆော်လှုပ်ရှားမှုတရပ်ကိုနိုဝင်ဘာလ ၁၁ ရက်နေ့၌ ဘုတလင်မြို့နယ်တွင် ပြုလုပ်ခဲ့ပါသည်။


ဖက်ဆစ်တပ်၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ဗကသရဲဘော်များ ကျဆုံးခဲ့သည့်နေရာတွင် ကျဆုံးရဲဘော်များအား အလေးပြုခြင်းနှင့် တော်လှန်ရေးအခြေအနေအား ဆွေးနွေးတင်ပြသည့် အခမ်းအနားတရပ်ကိုလည်း ပြုလုပ်ခဲ့ပါသည်။


သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ဗကသ #ABFSU #whathappeninginmyanmar #လှုပ်ရှားမှု

Popular Posts

စစ်အာဏာသိမ်း (၅) နှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ကြေညာချက်

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ